BBC navigation

ဒေါ်စုကို NLD ဥက္ကဌ အဖြစ် ပြန်ရွေးချယ်

နောက်ဆုံး ရေးသားချိန် 10 မတ်လ 2013 - 11:35 GMT

အခက်အခဲတွေဟာ ပုံစံတမျိုးနဲ့ အရင်လို ကြီးမား နေမှာ ဖြစ်တယ်လို့ ဒေါ်စုပြော

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ နိုင်ငံလုံး ဆိုင်ရာ ညီလာခံ နောက်ဆုံးနေ့ မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါတီ ဥက္ကဌ အဖြစ် ပြန်လည် တင်မြောက် လိုက်ပါ တယ်။

ဗဟို ကော်မတီ အစည်းအဝေး ကနေ ဦးတင်ဦး၊ ဦးဝင်းတင်တို့ ပါဝင်တဲ့ NLD သဘာပတိ အဖွဲ့ဝင် ၇ ဦး၊ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင် ၁၅ ဦးနဲ့ အရန် အလုပ် အမှုဆောင် ၅ ဦးကို ရွေးချယ် ခဲ့ပါတယ်။

အမှုဆောင်တွေ ထဲမှာ ဒေါ်အော်ငဆန်းစုကြည်ရဲ့ အနီးကပ် အကြံပေးတွေဖြစ်တဲ့ ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဟန်သာမြင့် ဦးဝင်းထိန်တို့ ပါလာပြီး အရန် အမှုဆောင် ၅ ဦး ထဲမှာတော့ ဒေါ်ဖြူဖြူသင်း ပါလာ တာကို တွေ့ရ ပါတယ်။

ပြန်လည် ရွေးချယ် ခံရတဲ့ ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ညီလာခံ အပိတ် မိန့်ခွန်း ပြောကြား ရာမှာ၊ NLD ဟာ ပြည်သူ အကျိုးရှိမယ်လို့ ယုံကြည်တဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့် အရေးနဲ့ ငြိမ်းချမ်းရေး ဆိုတဲ့ အဓိက ရည်မှန်းချက်တွေကို ဆောင်ရွက်ခွင့် ရအောင် လုပ်ပိုင်ခွင့် လိုချင်တယ်လို့ ဆိုပါတယ်။

အဲဒီ ရည်မှန်းချက်တွေ နဲ့ပဲ ဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံကို ဒီမိုကရေစီ နည်လမ်း ကျအောင် ပြင်ရေး ဆိုတဲ့ မူတွေနဲ့ ကြားဖြတ် ရွေးကောက် ပွဲကို ဝင်ခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပြည်သူနဲ့ တပ်မတော် အဆင်ပြေ စေဖို့၊ နိုင်ငံရေး ပါတီချင်း ယှဉ်ပြိုင်တဲ့ နေရာမှာ မှန်ကန်တဲ့ နည်းလမ်း တွေနဲ့သာ လုပ်ဆောင်ဖို့၊ တိုင်းရင်းသား တွေရဲ့ ခံစားချက် ယုံကြည်ချက် တွေကို သိရှိအောင် လုပ်ဖို့နဲ့ ပါတီကို အမြန် သွေးသစ်လောင်းဖို့ တို့ကို အလေးထား ပြောကြားသွားပါတယ်။

NLD ရှေ့ဆက် ရမယ့် ခရီးဟာ လွယ်လွယ် ကူကူတော့ ဖြစ်မှာ မဟုတ်ဘူး ဆိုတာကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

ညီလာခံ ကနေ NLD ပါတီရဲ့ နိုင်ငံရေး ဝါဒ သဘောထားနဲ့ ရှေ့ လုပ်ငန်းစဉ် တွေကိုလည်း ထုတ်ပြန်ခဲ့ သလို၊ ဗဟို အလုပ်အမှုဆောင် အဆင့်ဆင့် ရွေးချယ်ပုံ ကိုလည်း ဦးဉာဏ်ဝင်းက သတင်းစာ ရှင်းလင်းပွဲမှာ ရှင်းပြသွား ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညီလာခံ အပိတ် မိန့်ခွန်း အစအဆုံး

ဒေါ်အောင်ဆန်းစုကြည် ညီလာခံ အပိတ် မိန့်ခွန်း

ဒေါ်အောင်ဆန်းစုကြည် ညီလာခံ အပိတ် မိန့်ခွန်း

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

ဗဟိုကော်မတီဝင်တွေက ရွေးချယ်လိုက်တဲ့ သဘာပတိ၊ အလုပ်အမှုဆောင်နဲ့ အရန်များ

သဘာပတိ ၇ ဦး
၁။ ဦးတင်ဦး
၂။ ဦးဝင်းတင်
၃။ ဦးသန်းထွန်း
၄။ ဦးလှဖေ
၅။ ဦးကျော်ခိုင် (ရခိုင်)
၆။ နိုင်သောင်းညွှန့် (မွန်)
၇၊ ဦးသိန်းတန် (မန္တလေး)

ဗဟိုအလုပ်အမှုဆောင် ၁၅ ဦး
၁။ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ
၂။ ဦးဉာဏ်ဝင်း အဖွဲ့ဝင်
၃။ ဦးဟံသာမြင့် အဖွဲ့ဝင်
၄။ ဦးအုန်းကြိုင် အဖွဲ့ဝင်
၅။ ဦးဝင်းမြင့် အဖွဲ့ဝင်
၆။ ဦးထွန်းထွန်းဟိန် အဖွဲ့ဝင်
၇။ ဒေါက်တာမေဝင်းမြင့် အဖွဲ့ဝင်
၈။ ဦးဝင်းထိန် အဖွဲ့ဝင်
၉။ ဒေါက်တာဇော်မြင့်မောင် အဖွဲ့ဝင်
၁၀။ ဒေါက်တာအောင်မိုးညို အဖွဲ့ဝင်
၁၁။ ဒေါက်တာခင်ဌေးကြွယ် အဖွဲ့ဝင်
၁၂။ ဒေါ်နန်းခင်ထွေးမြင့် အဖွဲ့ဝင်
၁၃။ ဦးကျော်ခင် အဖွဲ့ဝင်
၁၄။ ဦးညီပု အဖွဲ့ဝင်
၁၅။ ဒေါက်တာမျိုးအောင် အဖွဲ့ဝင်

အရန် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ၅ ဦး
၁။ ဦးမန်းဂျော်နီ
၂။ ဒေါက်တာသိန်းလွင်
၃။ ဦးအောင်စိုး
၄။ ဦးဇိုဘွဲ
၅။ ဒေါ်ဖြူဖြူသင်း

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။