BBC navigation

ကျပ် ၅၀၀၀ တန် ငွေတုတွေ ဘယ်လောက်များနေပြီလဲ

နောက်ဆုံး ရေးသားချိန် 11 မတ်လ 2013 - 19:11 GMT

စီးပွားရေး လုပ်ငန်းကြီးတွေ အရောင်း အဝယ် လုပ်တဲ့ နေရာမှာ ၅ဝဝဝ တန် အရွက်တိုင်းကို မစစ်နိုင်

ကျပ် ၅ဝဝဝ တန် ငွေစက္ကူ အတုတွေကို ဘဏ်တချို့က လက်ခံ တွေ့ရှိ ရတယ်လို့ ဘဏ္ဍာရေးနဲ့ အခွန် ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ လင်းအောင်က လွှတ်တော်မှာ ပြီးခဲ့တဲ့ ရက်က ဝန်ခံ ပြောကြားသွား ပါတယ်။

ကျပ် ၅ဝဝဝ တန် စထုတ်တဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကျော် အတွင်း အတု သိန်း ၂ဝဝ နီးပါး တွေ့ရှိ ခဲ့ရပြီး ဖြစ်တယ်လို့ ပြောပါတယ်။ ဒီအရေ အတွက်ဟာ ဘဏ်တွေကို ရောက်လာတဲ့ အရေ အတွက်သာ ဖြစ်ပါတယ်။

ငွေထုတ်တွေ ကိုင်ပြီး အရောင်း အဝယ် လုပ်နေတဲ့ အတွက် ၅ဝဝဝ တန် အရွက်တိုင်းကို မစစ်နိုင်ဘူး။ ဒါကြောင့် စျေးကွက် ထဲမှာ ငွေတုတွေ ရှိနေ နိုင်တယ်လို့ ဘဏ္ဍာရေးနဲ့ အခွန် ဝန်ကြီး ဌာနက တာဝန်ရှိ သူက ပြောပါတယ်။

ငွေတုတွေက ဘဏ်တွေကို တစ်ရွက်စ နှစ်ရွက်စ ရောက်လာ တာကို စစ်ဆေး တွေ့ရှိ ရတယ်လို့ မြန်မာ နိုင်ငံ ဗဟိုဘဏ် ဒုတိယ ညွှန်ကြားရေး မှူးချုပ် ဦးအောင်အောင်ကလည်း ဘီဘီစီကို ပြောပါတယ်။

အနာဂတ် မှာတော့ ငွေလက်ငင်း ကိုင်တာမျိုး မဟုတ်တော့ဘဲ ချက်လက်မှတ်တို့၊ ဘဏ်က အာမခံတဲ့ အကြွေးဝယ် ခရက်ဒစ် ကဒ်တို့ကို အသုံး များလာရင် ငွေတုတွေ ကလည်း နည်းသွား နိုင်တယ်လို့ ဦးအောင်အောင် ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။