BBC navigation

မီဒီယာ ညီလာခံအတွက် ပြင်ဆင်နေ

နောက်ဆုံး ရေးသားချိန် 11 မတ်လ 2013 - 16:14 GMT

လွှတ်တော်မှာတင်ထားတဲ့ ပုံနှိပ်ထုတ်ဝေ သူများ ဆိုင်ရာ ဥပဒေကြမ်းဟာ၊ မီဒီယာ လွတ်လပ်ခွင့် နဲ့ ဆန့်ကျင် တယ်လို့ဆို

မြန်မာ နိုင်ငံမှာ မကြာခင် ပြုလုပ်ဖို့ ရှိတဲ့ ဒုတိယ အကြိမ် သတင်း မီဒီယာ ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ ညီလာခံမှာ အရင် ညီလာခံ ထက် တဆင့် တက်ပြီး ဆွေးနွေး ကြဖို့နဲ့ မြန်မာ သတင်း မီဒီယာ သမား တွေရဲ့ အမြင်တွေကို ပိုပြီး ကြားရအောင် အတွက် ပြင်ဆင် မှုတွေ လုပ်နေ ပါတယ်။

မြန်မာ အစိုးရနဲ့ ယူနက်စကို ကုလသမဂ္ဂ စာပေ ယဉ်ကျေးမှု ဆိုင်ရာ အဖွဲ့တို့ ပူးပေါင်းပြီး ဒီတကြိမ် ကျင်းပမယ့် မီဒီယာ ညီလာခံ အတွက် တင်ကြိုပြီး မြန်မာနဲ့ နိုင်ငံ တကာ ကျွမ်းကျင် သူတွေ နှစ်ရက်ကြာ ဆွေးနွေး ကြမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီလို တွေ့ဆုံ ပွဲက ထွက်ပေါ် လာမယ့် ရလဒ်တွေကို မီဒီယာနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ရေးဆွဲတဲ့ အခါ တကယ်တမ်း ဘယ်လောက် ထည့်သွင်း စဉ်းစား ကြမှာလဲ ဆိုတာတော့ မရှင်း ပါဘူး။

လတ်တလော ပြန်ကြားရေး ဝန်ကြီးက လွှတ်တော်မှာ တင်ထားတဲ့ ပုံနှိပ် ထုတ်ဝေ သူများ ဆိုင်ရာ ဥပဒေ ကြမ်းဆိုရင်၊ သတင်း မီဒီယာ လွတ်လပ်ခွင့်နဲ့ ဆန့်ကျင် နေတယ် ဆိုပြီး မြန်မာ မီဒီယာ သမားတွေ က ဆန့်ကျင် နေကြ ပါတယ်။

အစိုးရ ကတော့ ပုံနှိပ် ထုတ်ဝေရေး ဥပဒေဟာ နိုင်ငံတော် လုံခြုံရေး၊ ငြိမ်ဝပ် ပိပြားရေး၊ စာရိတ္တ မဏ္ဍိုင်ကို ထိမ်း သိမ်းရေး လို ကိစ္စတွေ အတွက် လိုအပ် တယ်လို့ ပြောပါတယ်။ ဒါ့အပြင် ဒီဥပဒေကြမ်းကို နိုင်ငံ တကာ သတင်း လွတ်လပ်ခွင့် ဆိုင်ရာ စံနှုန်းတွေနဲ့ ရေးဆွဲ ထားတာ လို့ ဆိုပါတယ်။

ရန်ကုန် မီဒီယာအဖွဲ့ ရဲ့ ဥက္ကဌ ဦးကိုကို (စက်မှုတက္ကသိုလ်)ကတော့ မီဒီယာဟာ အားလုံးနဲ့ ဆက်စပ် ပတ်သက် နေပြီး၊ လွတ်လပ်စွာ ပုံနှိပ် ထုတ်ဝေ ခြင်းကို နောက်ဆုံး အဆင့် စာဖတ်သူ အထိ ရောက်တဲ့ အချိန်ကျမှ အဆုံး အဖြတ် ပေးတာလို့ ဆိုပါတယ်။ ဥရောပ သမဂ္ဂက ဥပဒေ ပညာရှင် ကတော့ ဒီပုံနှိပ် ဥပဒေဟာ တကယ့် သတင်း လွတ်လပ်ခွင့် စိတ်ဓါတ်နဲ့ မကိုက်ညီ ဘူးလို့ ထောက်ပြ ပါတယ်။

အခု ဒုတိယ အကြိမ် ကျင်းပမယ့် စာနယ်ဇင်း လွတ်လပ်ခွင့် ဆိုင်ရာ ညီလာခံ မှာလည်း ဒီအကြောင်းတွေ ဆွေးနွေး လာနိုင် စရာ ရှိသလို အဲဒီ ဆွေးနွေးမှုတွေရဲ့ ရလဒ်တွေကလည်း ဥပဒေကြမ်း အပေါ် အကျိုးသက်ရောက်မှု တစုံတရာ ရှိလိမ့် မယ်လို့ မျှော်လင့် နိုင်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။