BBC navigation

ပုံနှိပ်ထုတ်ဝေ ဥပေဒကြမ်းကို ပြင်ဆင်နိုင်မလား

နောက်ဆုံး ရေးသားချိန် 11 မတ်လ 2013 - 22:56 GMT

ဒီဥပဒေကြမ်းရဲ့ အားနည်းချက်တွေ၊ ပြင်ဆင် သင့်တဲ့ အချက်တွေကို ဆွေးနွေးသွား ကြမယ်

ပြန်ကြားရေး ဝန်ကြီးဌာန ကနေ လွှတ်တော်ကို တင်ထားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေ ကြမ်းနဲ့ ပတ်သက်ပြီး မီဒီယာ သမားတွေ စုပေါင်း ဆွေးနွေးပွဲကို ယုဇနဂါးဒင်း ဟိုတယ် မှာ မတ်လ ၁၂ ရက်နေ့ ကျင်းပ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။

လွှတ်တော်ကို တင်သွင်း ထားတဲ့ ဒီဥပဒေကြမ်းရဲ့ အားနည်းချက်တွေ၊ ပြင်ဆင် သင့်တဲ့ အချက်တွေကို ဆွေးနွေးသွား ကြမယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲကို မီဒီယာ အဖွဲ့အစည်း တွေက မီဒီယာ သမားတွေ သာမက ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အပါအဝင် တခြား လူမှု အဖွဲ့အစည်းက ကိုယ်စား လှယ်တွေ၊ ရှေ့နေ တချို့ အပါအဝင် လူပေါင်း ၂၀၀ ကျော် ကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

အခု ဥပဒေ မူကြမ်းဟာ ဒီမိုကရေစီ ဖော် ဆောင်ရေးမှာ အရေးကြီးတဲ့ မီဒီယာ လွတ်လပ်ခွင့်ကို အဟန့်အတား ဖြစ်စေရုံ သာမက ပြည်သူ တွေရဲ့ သိရှိ ပိုင်ခွင့်ကိုပါ ထိပါး စေတဲ့ ဥပဒေကြမ်း တခုလို့ ယုံကြည်တဲ့ အတွက် ကန့်ကွက်တာ ဖြစ်ကြောင်း မြန်မာ ဂျာနယ်လစ်ကွန်ယက်ရဲ့ အလုပ် အမှုဆောင် တဦး လည်းဖြစ်၊ ဆွေးနွေးပွဲ ပြောခွင့်ရ ပုဂ္ဂိုလ် တဦးလည်း ဖြစ်တဲ့ ဦးထက်နိုင်ဇော်က ဘီဘီစီကို ပြောပါတယ်။

မှတ်ပုံတင်ခွင့် ဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေ၊ နောက်ပြီး နိုင်ငံတော် အကျိုး စီးပွားကို ထိခိုက် စေမယ့် စာနယ်ဇင်းတွေကို နိုင်ငံတော် အစိုးရက တည်ဆဲ ဥပဒေ အတိုင်း အရေးယူနိုင် တယ်ဆိုတဲ့ အချက်တွေ ဟာ ရှင်းရှင်း လင်းလင်း မရှိဘူးလို့ ဆိုပါတယ်။

ဆွေးနွေးပွဲ ရလဒ်တွေကို အခြေခံပြီး ရှေ့လုပ်ငန်းစဉ် အတွက် ဝိုင်းဝန်း ဆွေးနွေး သွားမှာ ဖြစ်ပြီး အစီရင်ခံစာ ထုတ်ပြန်မယ်လို့သိရပါတယ်။ အဲဒီ အစီရင်ခံစာနဲ့ အတူ ဒီဥပဒေမူကြမ်း အတွက် စုပေါင်း လက်မှတ် ရေးထိုး ထားတဲ့ ကန့်ကွက် စာကို သမ္မတနဲ့ လွှတ်တော် ကို ပေးပို့ မယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။