BBC navigation

ရခိုင် အမျိုးသားတွေ NLD မှာ ရွေးကောက်ခံရ

နောက်ဆုံး ရေးသားချိန် 11 မတ်လ 2013 - 01:07 GMT

NLD ညီလာခံ ပထမနေ့မှာ တွေ့ရတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ

အခု ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပနိုင်ခဲ့တဲ့ အင်န်အယ်လ်ဒီပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာတော့ ရခိုင်အမျိုးသားတွေကို ပါတီနာယကအဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်နဲ့ ဗဟိုအမှုဆောင်အဖွဲ့တွေကြားမှာ ထည့်သွင်း ရွေးချယ် တင်မြှောက်လာတာကို တွေ့ရပါတယ်။ ဒါဟာ ဘယ်လောက် ထူးခြားမှု ရှိပါသလဲ။

အခု ပြီးစီးသွားတဲ့ ညီလာခံမှာ ရခိုင်ပြည်နယ်က နယက တစ်ဦး၊ စီအီးစီထဲမှာ တစ်ဦးနဲ့ စီစီလေးဦး ရွှေးချယ် တင်မြှောက် ခံခဲ့ရတဲ့ အတွက် အရင်ကနဲ့ စာရင် ရခိုင်ကကိုယ်စားလှယ်တွေ ဗဟို ထိပ်ပိုင်း ခေါင်းဆောင်ပိုင်းမှာ ပါ၀င်လာတဲ့ အတွက် ထူးခြားမူ ရှိတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။

ခုလို ဗဟိုထိပ်ပိုင်း ခေါင်းဆောင်တွေ အထဲမှာ ပါ၀င်လာတဲ့ အတွက် ရခိုင်အရေး ကိစ္စနဲ့ ပါတီ အရေးတွေကို အရင်ကထက် ပိုမို ထိရောက်အောင် ဆောင်ရွက်လာနိုင်တော့မှာ ဖြစ်တယ်လို့ ဆိုပြီး ရခိုင်ပြည်နယ်ထဲက ရွှေးချယ်ခံခဲ့ရတဲ့ သူတွေကိုတော့ ရခိုင်ပြည်နယ် ညီလာခံကျင်းပရေး ကော်မရှင် ဒု ဥက္ကဌ ဦးစောလေးက ပြောပါတယ်။

ဒါ့အပြင် အခုလုပ်တဲ့ ညီလာခံမှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး သီးခြားတာတွေ မရှိပေမယ့် တိုင်းရင်းသား အရေးတွေကို ပါတီ အနေနဲ့ ဆောင်ရွက်မယ်ဆိုတဲ့ ၀မ်းသာကြိုဆိုသလို အခုပြုလုပ်တဲ့ ညီလာခံနဲ့ ပတ်သက်ပြီးလည်း အားရကျေနပ်မူရှိတယ်လို့ သူက ဆိုပါတယ်။

ညီလာခံကို ရခိုင်က ကိုယ်စားလှယ် ၄၁ ဦးတက် ရောက်ရမယ့် နေရာမှာ ၂ ဦးပျက်ကွက်ခဲ့တဲ့ အတွက် ၃၉ ဦးသာ တက်ရောက်နိုင်ခဲ့ပါတယ်။

အန်အယ်လ်ဒီဟာ ၁၉၉၀ ခုနှစ်ရွှေးကောက်ပွဲတုန်းက ရခိုင်မှာ အမတ် ၉ နေရာအထိ အနိုင်ရရှိခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။