BBC navigation

ပုံနှိပ်နဲ့ ထုတ်ဝေဥပဒေ ပြန်လည်ရုပ်သိမ်းရေး

နောက်ဆုံး ရေးသားချိန် 13 မတ်လ 2013 - 01:43 GMT
urmese_newspapers

မြန်မာ စာနယ်ဇင်း လောက

ပြန်ကြားရေးဌာန က မူကြမ်းရေးဆွဲပြီး လွှတ်တော်မှာ တင်ပြထားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေ ကို ပြန်လည် ရုပ်သိမ်းပေးဖို့ သတင်းမီဒီယာ တွေ နဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ က တောင်းဆို လိုက်ပါတယ်။

ဒီဥပဒေ ဟာ တကယ်တော့ သတင်းမီဒီယာ ကို တဖက်လှည့် နဲ့ ထိမ်းချုပ်ဖို့ ကြိုးစားတာ ဖြစ်တယ်လို့ သတင်းသမား တွေ က ဝေဖန် ယူဆပြီး၊ ပြန်ရုပ်သိမ်းဖို့ ဆွေးနွေးမှု တရပ် ကို ယုဇန ဂါဒင်း ဟိုတယ် မှာ ကျင်းပတာပါ။

သတင်းလွတ်လပ်ခွင့် ကော်မတီရဲ့ အစီအစဉ် နဲ့ မြန်မာနိုင်ငံ သတင်းစာ ဆရာများ အသင်း၊ မြန်မာနိုင်ငံ သတင်းစာ ဆရာများ သမဂ္ဂ၊ မြန်မာဂျာနယ်လစ် ကွန်ယက် တို့ အပြင် ၈၈ မျိုးဆက် ကျောင်းသားတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်း တွေ နဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် အဖွဲ့ဝင်တွေ ပါတဲ့ လူပေါင်း ၁ဝဝ ခန့် ဆွေးနွေးပြီး အခုလို တောင်းဆိုကြတာပါ။

စာရေးဆရာ ဖေမြင့်က ပုံနှိပ် ထုတ်ဝေခြင်း လုပ်ငန်းဆိုင်ရာ စည်းကမ်းတွေ ကို ချိုးဖေါက်ရင် မှတ်ပုံတင် အရာရှိကနေ တရားမဝင် ထုတ်ဝေစာ အဖြစ် ကြေညာနိုင်ကြောင်း ရှင်းပြသွားပါတယ်။ စာနယ်ဇင်း သမားတွေ အနေနဲ့ ဒီဥပဒေ ကို နောက်ထပ် စဉ်းစား ဆွေးနွေးခွင့်ရအောင် အခုတကြိမ် လွှတ်တော် မှာ အတည် မပြုသေးဘဲ၊ ဆိုင်းငံ့စေချင်တါပါ။

တချိန်ထဲမှာပဲ၊ ပုံနှိပ်ထုတ်ဝေသူများ အသင်းကတော့ ဒီဥပဒေ ကို ထောက်ခံတယ် ဆိုတဲ့ ဆွေးနွေးပွဲ ကို ရန်ကုန်မှာ ကျင်းပကြပါတယ်။ ဒါပေမယ့် သတင်းသမားတွေ နဲ့ စာရေးဆရာတွေ၊ အရပ်ဖက် အဖွဲ့အစည်း တွေ ကတော့ ဒီဥပဒေ ဟာ ပုံနှိပ်ထုတ်ဝေသူတွေ သာမက လွတ်လပ်စွာ ရေးသား ဖေါ်ပြခွင့် နဲ့ပါ တိုက်ရိုက် ပတ်သက်တယ် လို့ ထောက်ပြယင်း ကန့်ကွက်ကြတာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။