BBC navigation

သမ္မတကို တရားစွဲဖို့ ကြိုးပမ်းမှု ပယ်ချခံရ

နောက်ဆုံး ရေးသားချိန် 12 မတ်လ 2013 - 01:19 GMT
U Thein Sein

သမ္မတ ဦးသိန်းစိန်

သမ္မတ ဦးသိန်းစိန်ကို လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခဲ့မှုနဲ့ တရားစွဲပေးဖို့ တရားရုံး ဦးတိုက် လျောက်ထားတဲ့အမှုကို မုံရွာအနီး ဆားလင်းကြီးမြို့နယ်တရားရုံးက ပယ်ချလိုက်ပါတယ်။

မတ်လ ၄ရက်နေ့က ဆာလင်းကြီး မြို့နယ် တရားရုံးမှာ ဒေသခံရွာသား ၃ ယောက်က ဦးတိုက် လျှောက်ထားခဲ့တာ ဖြစ်ပြီး တနင်္လာနေ့ ကတော့ မြို့နယ်တရားသူကြီးက ဥပဒေနဲ့အညီ အမှုဖွင့်ရန် အကြောင်း မပေါ်ပေါက် လို့ဆိုပြီး ပယ်ချ လိုက်တာ ဖြစ်ပါတယ်။

ဒါပေမယ့် ခရိုင်တရားရုံးမှာ ပြင်ဆင်မှု အယူခံ တက်မယ်လို့ ရွာသားတွေဘက်က ဥပဒေ အကြံပေးအဖြစ် လိုက်ပါ ဆောင်ရွှက်ပေးနေတဲ့ ဦးစောကျော်ကျော်မင်းက ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး တရားလွှတ်တော်ကိုလည်း မေးမြန်း လျောက်ထားမယ်လို့ သူက ပြောပါတယ်။

အခြေခံဥပဒေမှာတော့ သမ္မတကို တရားစွဲခွင့် ပေးမထားပဲ စွပ်စွဲ ပြစ်တင်ခွင့်ပဲ ပေးထားတယ်ဆိုပေမယ့် နိုင်ငံသားတွေအနေနဲ့ ဘယ်နိုင်ငံသားမဆို တရားစွဲဆို ပိုင်ခွင့် ရှိရမယ်ဆိုတာ ဥပဒေအရ ၊ တရား ဥပဒေ စိုမိုးရေးအရ ရှိသင့်ကြောင်း ဦးစောကျော်ကျော်မင်းက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။