BBC navigation

မစိုးရိမ် ဆရာတော် ပျံလွန်တော်မူ

နောက်ဆုံး ရေးသားချိန် 14 မတ်လ 2013 - 18:30 GMT

ဆရာတော်ရဲ့ စျာပနကို အခုလ ၂၈ ရက်နေ့မှာ ကျင်းပဖို့ ရှိပါတယ် (ဓာတ်ပုံ မစိုးရိမ် တိုက်သစ်)

မစိုးရိမ် တိုက်သစ် အဓိပတိ မဟာ နာယကချုပ် ဆရာတော် ဦးရာဇ ဓမ္မဟာ ကင်ဆာ ရောဂါနဲ့ မန္တလေး ဆေးရုံကြီးမှာ ကြာသပတေး နေ့က ပျံလွန်တော်မူ သွားခဲ့ ပါတယ်။

သာသနာရေး မှာရော နိုင်ငံရေး နယ်ပယ် မှာပါ သြဇာ တိက္ကမ ကြီးမားတဲ့ ဆရာတော်ဟာ ပျံလွန်တော် မူချိန်မှာ သက်တော် ၈၀၊ ဝါတော် ၆၀ ရှိပြီ ဖြစ်ပါ တယ်။

ဆရာတော် ကြီးရဲ့ မွေးနေ့ မတိုင်ခင် ပြီးခဲ့တဲ့ ၂ လလောက် ကတည်းက ဆေးရုံမှာ စစ်ဆေး ချက်တွေ အရ ဦးနှောက်မှာ အကျိတ် တွေ့ခဲ့ တာလို့ ဆရာတော်ရဲ့ လက်ရင်း တပည့် ဖြစ်သူ မစိုးရိမ် ကျောင်းက ဆရာတော် ဦးဝီရသူက ပြောပါတယ်။

ဗုဒ္ဓ ဘာသာ သာသနာ တော်နဲ့ ပတ်သက်ပြီး ဆရာတော် ကြီးဟာ နိုင်ငံခြား သာသနာပြု ဆရာတော်တွေ၊ စာသင် တိုက်ခွဲ ရိပ်သာခွဲ ဆရာတော် များကို အများကြီး ထုတ်ပေး ခဲ့သူ ဖြစ်တယ် လို့လည်း ဆရာတော် ဦးဝီရသူက ပြောပါတယ်။

၁၉၉၁ ခုနှစ်တုန်း ကလည်း အစိုးရ လက်ချက်နဲ့ သံဃာတော်တွေ သွေးမြေ ကျခဲ့ရတဲ့ အတွက် အစိုးရကို ပတ္တနိက္ကုသန ကံဆောင် ခဲ့တဲ့ အတွက် အဲဒီတုန်းက ဆရာတော်ဟာ ဖမ်းဆီး ခံခဲ့ ရဖူး ပါတယ်။

မြန်မာ နိုင်ငံမှာ ခေတ် အဆက်ဆက် အစိုးရတွေ ကိုလည်း အားမရ ကြောင်း အမြဲတမ်း ထုတ်ဖေါ် ပြောကြားခဲ့သူ လည်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဆရာတော်ရဲ့ စျာပနကို အခုလ ၂၈ ရက်နေ့မှာ ကျင်းပဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။