BBC navigation

ပယောဂ ပါ၊ မပါ ကိုယ်တိုင် စုံစမ်းကြပါ

နောက်ဆုံး ရေးသားချိန် 15 မတ်လ 2013 - 01:10 GMT
Daw Aung San Suu Kyi

ဆန္ဒပြသူတွေကို ကားပေါ်ကနေ ပြန်ကြည့်နေတဲ့ စုံစမ်းရေးကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်

လက်ပံတောင်းတောင် စီမံကိန်း လုံးဝရပ်ဆိုင်းရေး ဆန္ဒပြသူတွေရဲ့ နောက်ကနေ မြှောက်ပေးနေတဲ့ ဘေးပယောဂ ပါ၊ မပါကို သတင်းထောက်တွေ ကိုယ်တိုင် စုံစမ်းတာကသာ အကောင်းဆုံးပါလို့ ဒေါ်အောင်ဆန်းစုကြည်က မနေ့က မုံရွာမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

လက်ပံတောင်းတောင် စီမံကိန်း စုံစမ်းရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး လက်ပံတောင်း ဒေသခံတွေကို ရှင်းပြဖို့ ဒေသတွင်း ရောက်ရှိကာ လှည့်လည် ရှင်းပြနေတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဒေသခံတွေရဲ့ ပြင်းပြင်းထန်ထန် ဆန့်ကျင် ဆန္ဒပြမှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ သူ့အစီရင်ခံစာကို အကောင်းဆုံး ဆောင်ရွက်ခဲ့လို့ သူ တာဝန်ယူတယ်၊ အတင်းအကျပ် သဘောတူရမယ်လို့ မပြောပါဘူးလို့ သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖြိုခွဲခဲ့တုန်းက မီးခိုးဗုံးကိုသာ သုံးခဲ့တာဖြစ်လို့ သူ့အနေနဲ့ မီးလောင်ဗုံးလို့ မပြောနိုင်ဘူးလို့လည်း ဆိုပါတယ်၊ ထုတ်လုပ်တဲ့ စက်ရုံအထိ သွားပြီး စမ်းသပ်မှုတွေကို ကြည့်ရှုခဲ့တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

ဆန္ဒပြသူတွေဘက်က အကြမ်းမဖက်ဘူး၊ ရုန်းရင်းဆန်ခတ်တွေ မလုပ်ဘူးဆိုရင် အာဏာပိုင်တွေဘက်ကလည်း အကြမ်းမဖက်ဖို့ကို သူ တာဝန်ခံပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဒေသခံလူထုတွေကို ပြောခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။