BBC navigation

ဘင်္ဂလားရဲကို မြန်မာ နစကမှ ဖမ်းဆီး

နောက်ဆုံး ရေးသားချိန် 17 မတ်လ 2013 - 16:23 GMT

ဘင်္ဂလာဒေ့ရှ် ရဲတပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သား တစ်ဦးကို မြန်မာ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ နစက ကနေ ဖမ်းဆီး သွားတာနဲ့ ပတ်သက်ပြီး နယ်စပ် အခြေ အနေ တင်းမာ မူတွေ ရှိနေ ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် Border Guard Bangladesh ( ဘီဂျီဘီ) တပ်ဖွဲ့ နဲ့ မြန်မာ နစကတွေ အကြား တနင်္ဂနွေ နေ့မှာ အလံတင် အစည်း အဝေး ပြုလုပ် ခဲ့ပါတယ်။

ဒါပေမယ့်လည်း မြန်မာ ဘက်က ဘင်္ဂလား ရဲတပ်သား ၃ ဦးနဲ့ အရပ်သား တစ်ဦးကို အခု အချိန် အထိ ပြန် မလွှတ်ပေး ခဲ့ဘူးလို့ ဆိုပါတယ်။

အကြောင်း ကတော့ သူတို့ကို ဆက်လက် စစ်ဆေး စရာ ရှိသေးတဲ့ အတွက် အချိန် အနည်းငယ် လိုသေးကြောင်း မြန်မာ ဘက်က ပြောတယ်လို့ နှစ်နိုင်ငံ နယ်စပ် အစည်း အဝေးကို တက်ရောက် ခဲ့တဲ့ ကော့စ်ဘဇား မြို့ ဘင်္ဂလီ သတင်းထောက် တစ်ဦးက ပြောပါတယ်။

ဒီဘင်္ဂလာဒေ့ရှ် ရဲသား သုံးဦးဟာ ဗုဒ္ဓဟူးနေ့ ညနေ ပိုင်းက မြန်မာ ဘက်ကို ဝင်ရောက် ဓါတ်ပုံ ရိုက်တဲ့ အတွက် ဖမ်းဆီးတာ ဖြစ်တယ် လို့ မြန်မာ နစက ဘက်က ပြောဆို ပေမယ့် ဘင်္ဂလား ဘက်ကတော့ သူနိုင်ငံ အတွင်းက နယ်စပ် အနီး အိုကီးယား မြို့နယ်မှာ ခရီးသွား နေစဉ် ဖမ်းဆီး ခံရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။