BBC navigation

လက်ပံတောင်း အစီရင်ခံစာ အပေါ် ရှေ့နေများ ကွန်ယက် ကြေညာချက်ထွက်

နောက်ဆုံး ရေးသားချိန် 17 မတ်လ 2013 - 00:57 GMT

လက်ပံတောင်း စီမံကိန်း ရပ်ဖို့ ဆန္ဒပြသူတွေ

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ ရန်ကုန် အခြေစိုက် ရှေ့နေများ ကွန်ယက် အဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီကြေညာချက် ထဲမှာ ကြေးနီ စီမံကိန်း အစီရင်ခံစာကို ထောက်ခံနိုင်တာ တွေလည်း ရှိသလို သဘောမတူနိုင် တာတွေလည်း ရှိတယ်လို့ ရှေ့နေများ ကွန်ယက် အဖွဲ့က ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။

အစီရင်ခံစာရဲ့ အကြံပြု ဝေဖန် သုံးသက်ချက်တွေထဲက ဒေသခံ ကျေးရွာ လူထုကို ထိခိုက် နိုင်တယ် ၊ ဒေသခံတွေနဲ့ စာချုပ် ချုပ်ဆိုမှု အပေါ်မှာ လိုအပ်ချက်တွေကို ထောက်ပြ ပြောဆို တာတွေ အပေါ် ရှေ့နေများ ကွန်ယက်အဖွဲ့က သဘောတူ လက်ခံတယ်လို့ ဆိုပါတယ်။

သဘောမတူတဲ့ အချက်တွေကတော့ စီမံကိန်းကို ဆက်လုပ်ခွင့် ပြုလိုက်တာ ၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အပေါ် ထဲထဲ ဝင်ဝင် ဝေဖန် သုံးသပ်ထားတာ မဟုတ်ဘဲ ဒီစီမံကိန်းက ထွက်လာမယ့် ကြေးနီမိုင်း တွေက မြစ်ရေတွေထဲ စီးဝင်လာမယ့် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက် နိုင်တာ ဧရာဝတီ အထိ စီးဝင် နိုင်တာကို ဝေဖန်ထားတာ မတွေ့ရဘူး ၊ နောက်ပြီး စာချုပ် စာတမ်း ကိစ္စကို ထိန်းထိန်း သိမ်းသိမ်း လုပ်သင့်တယ် ဆိုပေမယ့်လည်း ပြည်သူ လူထုကို ထိခိုက်မယ် ၊ ပတ်ဝန်းကျင်ကို အန္တရာယ် ပေးနိုင်တယ် ၊ အမျိုးသား အကျိုး စီးပွားကို ထိခိုက်လာရင် ဘယ်စာချုပ်ဘဲ ဖြစ်ဖြစ် ဖျက်သိမ်းသင့်တယ်လို့ သူက ပြောပါတယ်။

တကယ်လို့ စီမံကိန်း လုပ်ကိုင်ခွင့် စာချုပ်ကို ဖျက်သိမ်းမယ် ဆိုရင် အခက်အခဲတွေ ရှိလာမှာဘဲ လျှော်ကြေး ပေးလျှော်မှုတွေလည်း ရှိလာမှာဘဲ ဒါတွေ အားလုံးအတွက် အစိုးရမှာ လုံးဝတာဝန် အရှိဆုံး ဖြစ်တယ်လို့ သူက ဆိုပါတယ်။

အဲဒီ အစီရင်ခံစာထဲမှာ စီမံကိန်းကို ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒပြသူတွေကို နှိမ်နင်းဖို့ သုံးစွဲတဲ့ လက်နက်တွေနဲ့ ပတ်သက်လို့ ဇဝေဇဝါ ဖြစ်စေတဲ့ အချက်အလက် ဆိုတာကိုလည်း လက်မခံနိုင်ဘူးလို့ ရှေ့နေကြီး ဦးအောင်သိန်းက ပြောပါတယ်။

စုံစမ်းရေး အဖွဲ့ကလည်း လွတ်လပ်တဲ့ ကော်မရှင်တရပ်လို့ မှတ်ယူလို့ မရဘူး ၊ အငြိမ်းစား ဝန်ထမ်း အရာရှိကြီးတွေ အများအပြား ပါဝင်ပေမယ့် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုနိုင်တဲ့ သဘာဝ ပတ်ဝန်းကျင် ပညာရှင်တွေရဲ့ အသံလည်း မပါဘူး ၊ အဓိက ပြောရရင်တော့ ဒီစီမံကိန်းကို ပြန်လည် သုံးသပ်ရင် သုံးသပ်ပါ ၊ မသုံးသပ်ရင် ရပ်စဲထားဖို့ ပြောချင်တယ်လို့ သူက ဆိုပါတယ်။

ရှေ့နေများ ကွန်ယက် အဖွဲ့က ရှေ့နေကြီး ဦးအောင်သိန်းရဲ့ ပြောကြားချက်ကို နားဆင်နိုင်ပါတယ်။

လက်ပံတောင်းအစီရင်ခံစာ နဲ့ ရှေ့နေများကွန်ယက်

လက်ပံတောင်းအစီရင်ခံစာ နဲ့ ရှေ့နေများကွန်ယက်

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။