BBC navigation

မြန်မာ သြစတြေးလျ ဆက်ဆံရေး သုံးသပ်ချက်

နောက်ဆုံး ရေးသားချိန် 19 မတ်လ 2013 - 00:58 GMT
_bbc_aus

မြန်မာ သြစတြေးလျ ဆက်ဆံရေး တိုးမြှင့်

မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ သြစတြေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလာ့ဒ် တို့ ဆွေးနွေးပွဲ အပြီး ကြေညာ တဲ့ ထုတ်ပြန်ချက် မှာ စစ်သံမှူး တွေ ပြန်လည် ထားရှိရေး၊ ကုန်သွယ်ရေး ကော်မရှင်နာ ခန့်အပ်ရေး စတာတွေ ပါဝင်ပါတယ်။

အထူးသဖြင့် စစ်သံမှူးရုံးကို မြန်မာနိုင်ငံက ပြန်လည်ရုပ်သိမ်းခဲ့တာ ၁၉၇၉ ခု နှစ်ကတည်း က ဖြစ်ပြီး ဘဏ္ဍာရေး အကြောင်းပြချက်နဲ့ ဘန်ကောက် ကနေပဲ ပူးတွဲ ဆက်သွယ် ခဲ့ပါတယ်။

အခုလို ပြန်လည် ထားရှိရေး နဲ့ ပတ်သက်ပြီး လုံခြုံရေး ဆိုင်ရာ တွေ ကို လေ့လာတဲ့ မြန်မာ ပိစ် စင်တာ မှ ဒေါက်တာ မင်းဇော်ဦး က ရှင်းပြ ရာမှာ သြစတြေးလျ အနေနဲ့ ဒေသတွင်းရှိ နိုင်ငံတွေ ရဲ့ စစ်ရေးစစ်ရာ ပိုင်းမှာ ပါဝင်ပြီး မိတ်ဖက် အသွင်နဲ့ အာရှ ပစိဖိတ်၊ အရှေ့အာရှ နိုင်ငံတွေ ရဲ့ လုံခြုံရေး ကိစ္စရပ် ပူးတွဲ လုပ်ဆောင် လိုတဲ့ အသွင် ရှိပုံ ရှင်းပြပါတယ်။

ဒါ့အပြင် မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ပြည်တွင်း အပြောင်းအလဲ ရှိလာစေမှု ဟာ၊ သြစတြေးလျ ရဲ့ ခြေလှမ်းတွေ ကို မြန်မာ နဲ့ နီးနီးစပ်စပ် ဆက်ဆံမှု ရှိရေးဆီ တွန်းအားပေး သလို ဖြစ်စေကြောင်း ဘီဘီစီ ကို ရှင်းပြပါတယ်။

စစ်ရေး အရ လက်နက်တင်ပို့ ရောင်းချမှု အပိုင်းမှာ တော့ အနောက်အုပ်စု နည်းတူ ပိတ်ထားဆဲ ဖြစ်ပေမယ့်၊ စစ်ရေးစစ်ရာ သင်တန်းပေးရေး၊ အုပ်ချုပ်ရေး၊ ဆက်သွယ်ရေး နည်းပညာတွေ ကို ပေးဖို့ အစီအစဉ် ရှိပုံ၊ အရင်ကလည်း ပြည်သူ့ရဲ တပ်ဖွဲ့ ကို သင်တန်းတွေ ပေးခဲ့တဲ့ အကြောင်း ဒေါက်တာ မင်းဇော်ဦး က ရှင်းပြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။