BBC navigation

သြစတြေးလျဝန်ကြီးချုပ်နဲ့ မြန်မာသမ္မတတွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 18 မတ်လ 2013 - 15:57 GMT

မြန်မာ နိုင်ငံက ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှု အတွက် အကူ အညီ ပေးတာ ဖြစ်ပါတယ်

သြစတြေးလျကို ချစ်ကြည်ရေး ခရီး ရောက်ရှိ နေတဲ့ မြန်မာ သမ္မတ ဦးသိန်းစိန်ကို သြစတြေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလာ့ဒ်က တနင်္လာ နေ့မှာ လက်ခံ တွေ့ဆုံ ဆွေးနွေး ပြီးနောက် မြန်မာ နိုင်ငံကို အကူ အညီငွေ အမေရိကန် ဒေါ်လာ သန်း ၂၀ ကျော် ပေးမယ်လို့ ကတိပြု လိုက်ပါတယ်။

ခေါင်းဆောင် နှစ်ဦး ဆွေးနွေး မှုတွေ ပြုလုပ်ပြီး နောက် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ မှာ ဝန်ကြီးချုပ် ဂေးလာ့ဒ်က မြန်မာ နိုင်ငံက ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှု အတွက် အခုလို ကူညီ ပေးတာ ဖြစ်ကြောင်း ပြောကြား ပါတယ်။

မြန်မာ သမ္မတ ဦးသိန်းစိန် ကလည်း နှစ်နိုင်ငံဟာ ဒေသတွင်း နိုင်ငံတွေ ဖြစ်လို့ အခြေ အနေ တွေကို အတူတူ ကြုံတွေ့ ခံစား နေရတာ ဖြစ်ကြောင်း ပြောကြား ပါတယ်။

သြစတြေးလျ အနေနဲ့ မြန်မာ နိုင်ငံမှာ စီးပွားရေး ဆိုင်ရာ ကော်မရှင်နာ မင်းကြီးနဲ့ စစ်သံမှူး တို့ကိုလည်း ထားရှိ တော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ မြန်မာ နိုင်ငံ အပေါ် လက်နက် ရောင်းချခွင့် ပိတ်ပင် ထားတာ ကိုတော့ ဆက်လက် ထားရှိ ဦးမှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်မှာ ဘာတွေ ထူးခြားမှု ရှိလည်း ဆိုတာကို ဦးမောင်မောင်သန်းက စုစည်း တင်ဆက် ထား ပါတယ်။

သမ္မတ ဦးသိန်းစိန်ရဲ့ သြစတြေးလျ ခရီးစဉ်

သမ္မတ ဦးသိန်းစိန်ရဲ့ သြစတြေးလျ ခရီးစဉ်

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။