BBC navigation

ဘင်္ဂါလီ ၉၀ဦးကို မြိတ်မြို့မှာ ဖမ်းမိထား

နောက်ဆုံး ရေးသားချိန် 21 မတ်လ 2013 - 00:57 GMT

ဘင်္ဂါလီ မူဆလင်တွေ

မတ်လ ၁၇ ရက်နေ့ မနက်ပိုင်းက မြိတ်မြို့ ကွမ်းသီးချောင်း ကျေးရွာ ချောင်းဝမှာ ဘင်္ဂါလီ ၅၃ယောက်ကို ဖမ်းဆီး ရမိတယ်လို့ ရွာခံတယောက်က ဘီဘီစီကို ပြောပါတယ်။

နေ့လည်ပိုင်းမှာ ကျွဲကုန်း မြို့ပေါ်မှာ ၁ဂယောက်ကို ထပ်မံ ဖမ်းဆီးရခဲ့တယ်လို့ ဆိုပါတယ်။

မတ်လ ၁၉ ရက်နေ့မှာတော့ ရှမ်းထိန်း ကျေးရွာ အနီး ဓနိတော အတွင်း အမျိုးသမီး ရှစ်ဦးအပါအဝင် လူ၇၈ယောက် ကို တရုတ် အင်ဂျင်စက်တပ် သစ်သားလှေ တစင်းနဲ့ ဖမ်းဆီးရမိတယ်လို့ မြိတ်မြို့ ဒေသခံ ကိုကြန်အောင်က ပြောပါတယ်။

ဖမ်းဆီးရာမှာ အုပ်ချုပ်ရေးမှူး ၊ ကြည်းတပ် ၊ ရေတပ်နဲ့ ရဲတပ်ဖွဲ့တွေကပါ ပါဝင်တယ် ၊ အခုလက်ရှိ ခရိုင် လ၀က ရုံးမှာ ဖမ်းထားပြီး စစ်ဆေးနေတယ်လို့ ခရိုင် လ၀က အရာရှိက ဆိုပါတယ်။

ဒါအပြင် သူတို့ကို လ၀က ဥပဒေနဲ့ အရေးယူထားပြီး သူတို့ဟာ စစ်တွေက ဖြစ်တယ် ၊ ရွာတွေက လာတာ ဖြစ်ပြီး သူတို့ ပြောဆိုချက်အရ ထိုင်းနိုင်ငံဆီကူးဖို့ ထွက်လာကြတာ ၊ အားလုံး အယောက် ၉၀ ရှိပြီး စစ်ဆေးစဲဘဲလို့ လဝက အရာရှိက ရှင်းပြခဲ့ ပါတယ်။

ကျန်တဲ့ ဘင်္ဂါလီတွေကို ဆက်လက် ရှာဖွေ သွားမှာ ဖြစ်ပြီး လဝက ဥပဒေ အရ ဘုတ်ထိုင် ဆုံးဖြတ်ကာ အရေးယူသွားမယ်လို့ ခရိုင် ကြီးကြပ်ရေးမှူး ဦးလွင်ကိုဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ဖမ်းမိထားတဲ့ ဘင်္ဂါလီ ၆၅ ယောက်ကို ရခိုင်ကို ကြယ်ငါးပွင့် သင်္ဘောနဲ့ ပြန်ပို့ခဲ့ပြီး သူတို့ဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကနေ ရခိုင် ပြည်နယ် စစ်တွေမြို့ သက်ကယ်ပြင်ကို ရောက်လာပြီး အဲဒီက တဆင့် ထိုင်း ၊ မလေးရှားမှာ အလုပ်သွားလုပ်ဖို့ ထွက်လာကြတာလို့ သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။