BBC navigation

မိတ္ထီလာမှာ ဒေသခံတွေနဲ့ မွတ်ဆလင်တွေအကြား အချင်းများ

နောက်ဆုံး ရေးသားချိန် 20 မတ်လ 2013 - 18:45 GMT

မိတ္ထီလာမြို့က ရွှေဆိုင်တခုမှာ အချင်းများရာ ကနေ ပြဿနာ ကြီးထွားလာ

ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက မိတ္ထီလာမြို့ ဈေးကြီးအနီးမှာ ရှိတဲ့ ရွှေ ဆိုင်ခန်းတခုရဲ့ ပိုင်ရှင် မွတ်ဆလင်တွေနဲ့ ဒေသခံ တချို့ ပဋိပက္ခ ဖြစ်ရာကနေ ရွှေဆိုင် တချို့ မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။

ည ၇နာရီလောက်မှာ မကျေမနပ်ဖြစ်နေတဲ့ လူအုပ်စုကြီးက ဗလီ တခုနဲ့ ပညာရေးမှူးရုံး ကို မီးရှို့ဖျက်ဆီးခဲ့တယ် လို့ မိတ္ထီလာ အမှတ် (၂) ရဲ စခန်း က ဘီဘီစီကိုပြောပါတယ်။

ထိခိုက် ပျက်စီးမှု ပမာဏ ကိုအတိအကျ မပြော နိုင်သေး ပေမယ့် အခြေအနေ ကို ရဲ တပ်ဖွဲ့ ကထိန်းချုပ်ဖို့ ကြိုးစားနေပါတယ်။

ည ၉နာရီခွဲလောက်က စပြီး ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

မနက်ပိုင်း ကမိတ္ထီလာ အနီး ပြွန်ကောက် ရွာ က ကိုခင်မောင်ဝင်း ဆိုသူနဲ့ ဇနီး အဲဒီရွှေဆိုင်မှာ ရွှေ လာရောင်းရာက နေ ဆိုင်ရှင်နဲ့ စကား များပြီး ဆိုင်ရှင် တွေက ကိုခင်မောင်ဝင်း ကို ဝိုင်း ရိုက် လိုက် ရာကနေ ဒီပြသနာ စဖြစ်ခဲ့တာလို့ မြို့ခံ တွေကပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။