BBC navigation

ပထမဆုံး ရှမ်းကယား ညီလာခံကို လားရှိုးမြို့မှာ ကျင်းပ

နောက်ဆုံး ရေးသားချိန် 20 မတ်လ 2013 - 16:35 GMT

ဒီညီလာခံကို UWSA အပါအဝင် လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုင်းရင်းသားပါတီတွေ တက်ရောက်ခဲ့

ရှမ်း-ကယား ပြည်နယ်က တိုင်းရင်းသားပါတီတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ ယုံကြည်မှု တည်ဆောက်ခြင်း ညီလာခံကို လားရှိုးမှာ ပထမဆုံးအကြိမ် စတင် ကျင်းပခဲ့ပါတယ်။

ညီလာခံမှာ ပါ၀င်တက်ရောက်တဲ့ ကိုယ်စားလှယ်တွေ အားလုံး ၂၀၀ နီးပါးလောက်ရှိတယ်လို့ သိရပါတယ်။

ညီလာခံ တက်ရောက်တဲ့ အင်အားစုအဖွဲ့တွေထဲက အဖွဲ့ ၇ ဖွဲ့ကနေ စာတမ်းဖတ်တင်ပြတဲ့အခါမှာ အဓိက တသံတည်းထွက်နေတာကတော့ အခု လက်ရှိ သွားနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင် ရေးဆွဲတာထက် စာရင် အသစ်ရေးဆွဲဖို့ ပိုလိုလားနေကြတာကို တွေ့ရပါတယ်။

ဒီညီလာခံကို အစိုးရက ကြီးမှူး ကျင်းပတာ မဟုတ်ပေမယ့် အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌ ဝန်ကြီး ဦးအောင်မင်းလည်း တက်ရောက်ပြီး သူ့သဘောထားကို ပြောကြားခဲ့တယ်လို့ ညီလာခံ တက်ရောက်ခဲ့သူတွေက ဘီဘီစီကို ပြောပါတယ်။

အခုလို တိုင်းရင်းသားတွေ ၂၀၀၈ အခြေခံ ဥပဒေ ပြန်လည်ရေးဆွဲဖို့ တောင်းဆိုမှုတွေ ညီညီညွတ်ညွတ်နဲ့ ထုတ်ပြန်နေတဲ့ တချိန်တည်းမှာပဲ အစိုးရဘက်ကလည်း လွှတ်တော်နှစ်ရပ်မှာ ဒီအခြေခံဥပဒေကို ပြန်လည်သုံးသပ်ဖို့အတွက် ကော်မတီတွေ ဖွဲ့ဖို့ ပြင်ဆင်နေပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။