BBC navigation

လူအုပ်နဲ့ ပဋိပက္ခကို ထိန်းလို့ခက်

နောက်ဆုံး ရေးသားချိန် 21 မတ်လ 2013 - 16:18 GMT
မိထ္ထီလာမြို့ မီးလောင်ပြင်

မိထ္ထီလာမြို့မှာ အဆောက်အဦး အတော်များများ မီးလောင် ပျက်စီးခဲ့

မိတ္ထီလာ မြို့ပေါ်မှာ မီးလောင် မှုတွေ မြင်တွေ့နေရပြီး ဒါဟာ တဘက်နဲ့ တဘက် ရှို့နေတာ ဖြစ်တယ်လို့ မိတ္ထီလာမြို့ခံ ကိုမောင်မောင်က ဘီဘီစီကို ပြောပါတယ်။

သူသိ သလောက် ခန့်မှန်း ရရင် ပြီးခဲ့တဲ့ နှစ်ရက် အတွင်း အနည်းဆုံး လူ ၂၅ ယောက် လောက် သေနိုင်တယ် လို့ပြောပါတယ်။ ဒါပေမဲ့ အခြေအနေက အလောင်းတောင် ကောက်လို့ မရတဲ့ အတွက် အတိ အကျ တော့ ပြောဖို့ ခက်တယ်လို့ ကိုမောင်မောင်က ဆိုပါတယ်။

ဆိုင်တွေ အကုန် ပိတ်ပြီး အစား အသောက် ထွက်ဝယ်ဖို့ ခက်တဲ့ အတွက် ဒီလို တရက် နှစ်ရက် ဆက်ဖြစ် နေရင် အစာ ရေစာ ပြတ် နိုင်တယ်လို့ ကိုမောင်မောင်က ပြောပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီး ဝန်ကြီးချုပ်တွေ လုံခြုံရေး ဝန်ကြီးတွေ ကိုယ်တိုင် ကွင်းဆင်း ဆောင်ရွက် နေပေမယ့် လူအုပ်နဲ့ ပဋိပက္ခ ဖြစ်တာမို့ ထိန်းလို့ မရဘူးလို့ ဆိုပါတယ်။

ထွက်ပြေး လွတ်မြောက် လာတဲ့ ဒေသခံ မွတ်ဆလင် တဦး ကလည်း မွတ်ဆလင် ဘက်က၂၀ကျော် အသတ် ခံရတယ်လို့ ပြောပါတယ်။ တတ်နိုင် သူတွေ ကတော့ ပျော်ဘွယ် ရမည်းသင်း ရန်ကုန် အထိ ပြေးကုန် ပေမယ့် ဒုက္ခရောက် နေသူတွေက ဘယ်သူ့ကိုမှ အားကိုးစရာ မရှိဘူးလို့ ဘီဘီစီကို ပြောပါတယ်။

သီတဂူ ဆရာတော် ဒေါက်တာ ဉာဏိဿရ ကတော့ ကြားရုံနဲ့ မယုံသင့်ဘူး၊ ချဲ့ကား မပြောသင့်ဘူး၊ သာမန် လူမှုစီးပွား ပြဿနာ ကနေ ဘာသာရေး နိုင်ငံရေး ပဋိပက္ခ ပုံဖေါ်မှုတွေ ရှိ နေတယ်လို့ ဘီဘီစီကို မိန့်ကြားသွား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။