BBC navigation

မိတ္ထီလာ အခြေအနေ ဆိုးဝါးလာ

နောက်ဆုံး ရေးသားချိန် 21 မတ်လ 2013 - 17:16 GMT

လုံခြုံရေး ကားတွေ မြို့ကို လှည့်နေတဲ့ ကြားက ပဲ အိမ်တွေ၊ ဆိုင်တွေကို ဖျက်ဆီး သူတွေ ရှိနေ

စျေးဆိုင်တွေ အားလုံး ပိတ်ထား ရတဲ့ မိတ္ထီလာ မြို့ အခြေ အနေဟာ မြို့ပျက်ကြီး လို ဖြစ်နေပြီး အခြေ အနေဟာ ပို ဆိုးဝါး လာနေ ပါတယ်။

မတ်လ ၂၁ ရက်နေ့ ညနေ ဘက်မှာ မြို့စွန် ဘက်ကို ထွက်ပြေး လာကြ သူတွေ ရှိသလို၊ မြို့ထဲမှာ ဆိုင်ကယ် တွေနဲ့ သွားလာ သူတွေ ဟာလည်း ယောက်ျား တွေပဲ ဖြစ်ပြီး၊ သူတို့ တတွေဟာ တုတ်တွေ ဓားတွေ ကိုင်ဆောင် ထားကြ ပါတယ်။

နှစ်ဘက် ဆိုင်နေ ကြတဲ့ လူအုပ် ကြီးတွေကို ရဲက ကြား ကနေ နေရာ ယူကာ တားဆီး နေတာ တွေလည်း ရှိနေပါတယ်။ လုံခြုံရေး ကား ၈ စီးလောက် မြို့ကို လှည့် နေတဲ့ ကြားကပဲ အိမ်တွေ၊ ဆိုင်တွေကို ဖျက်ဆီး သူတွေ ရှိနေ ကြောင်း သိရပါတယ်။

လောလောဆယ် မှာတော့ စစ်တပ်ကို အရိပ် အယောင်တောင် မတွေ့ရ သေးဘဲ၊ ဌာန ဆိုင်ရာ ရုံးတွေ အားလုံး ကိုလည်း ပိတ်ထား ပါတယ်။

မြို့ရဲ့ တဘက်မှာ မီးလောင် နေတဲ့ အတွက် မီးခိုးလုံး တွေကို တမြို့လုံးက မြင်နေရတဲ့ အနေအထား မျိုး ရှိနေပါတယ်။ လူတွေ အကုန်လုံးက ကြောက်နေ ကြပြီး၊ ကလေး တွေ ရှိတဲ့ မိသားစု တချို့ ကတော့ နီးစပ်ရာ ရွာတွေကို ထွက်ပြေး နေကြ တယ်လို့ သိရ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။