BBC navigation

Google ဥက္ကဌ မြန်မာ့ ဆက်သွယ်ရေးမှာ ပုဂ္ဂလိကတွေ လုပ်ခွင့်တောင်း

နောက်ဆုံး ရေးသားချိန် 22 မတ်လ 2013 - 19:03 GMT

မြန်မာပြည်ရောက် ဂူဂယ် ဥက္ကဌ Eric Schmidt

မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိနေတဲ့ အင်တာနက် ကုမ္ပဏီကြီးတခုဖြစ်တဲ့ ဂူဂဲလ်ရဲ့ ဥက္ကဌ အဲရစ်ခ် ရှမစ်တ် က မြန်မာ နိုင်ငံမှာ တယ်လီဖုန်း ဆက်သွယ်ရေး လုပ်ငန်းတွေ တိုးတက် ကောင်းမွန်လာဖို့ အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေကို ဝင်ရောက် လုပ်ကိုင်ခွင့်ပြုဖို့ မြန်မာ အစိုးရကို တောင်းဆို လိုက်ပါတယ်။

နောက်ပြီး အစိုးရအနေနဲ့ အင်တာနက်ကို မထိန်းချုပ်ရအောင် ကြိုးစားကြဖို့ ရန်ကုန် တက္ကသိုလ် ကျောင်းသားတွေကိုလည်း တိုက်တွန်းသွားပါတယ်။

မစ္စတာ ရှမစ်တ်ဟာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့လည်း တွေ့ဆုံဖို့ ရှိပါတယ်။

မနေ့ကတော့ အင်တာနက်မှာ အချက်အလက် ရှာဖွေတဲ့ ဂူဂဲလ် ဝက်ဘ်ဆိုဒ်ကို မြန်မာ ဒိုမိန်း အမည်နဲ့ ဂူဂဲလ်ဒေါ့ကွန် ဒေါ့ထ် အမ်အမ်ဆိုပြီး ဂူဂဲလ်ကနေ အသစ်ဖွင့်ပေးလိုက်ပါတယ်။

နောက်ပြီး အန်ဒရိုတ် စနစ် သုံး လက်ကိုင် စမာ့တ် ဖုန်းတွေမှာ အသုံးပြုတဲ့ အက်ပ် တွေကို ရယူနိုင်တဲ့ ဂူဂဲလ် အက်ပ် စတိုးကိုလည်း မြန်မာနိုင်ငံတွင်း ဒေါင်လုပ် ရယူလို့ရအောင် ခွင့်ပြုပေးလိုက်ါပတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။