BBC navigation

လူအုပ်နဲ့မဟုတ်ဘဲ အကောင်းဆုံး ဘယ်လိုရှင်းမလဲ

နောက်ဆုံး ရေးသားချိန် 22 မတ်လ 2013 - 13:24 GMT
Meiktila Violence

ရဲတပ်ဖွဲ့ဝင်တွေက စောင့်ကြည့်ခဲ့ကြပေမယ့် စနစ်တကျ ထိန်းသိမ်းနိုင်တာမျိုးတော့ မရှိပါဘူး။

မတ်လ ၂၀ ရက်က မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ မွတ်ဆလင်ပိုင် ရွှေဆိုင်တဆိုင်က အရောင်းအဝယ် ပြဿနာဟာ သာမန် အရောင်းအဝယ်ကနေ နှစ်ဘက်အချင်းများပြီး၊ နောက်ဆုံး ပုဒ်မ ၁၄၄ ထုတ်ရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

မျက်မှောက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွေကို ထိပါးစေနိုင်တဲ့ အခုလို ဘာသာရေးနွယ်လာတဲ့ ပြဿနာတွေကို လူအုပ်စု ဖြေရှင်းနည်း မဟုတ်ဘဲ တရားဥပဒေ စိုးမိုးမှုအောက်ကနေ အကောင်းဆုံး ဘယ်လို ဖြေရှင်းနိုင်မယ်လို့ သောတရှင်တွေ ထင်မြင်၊ ယူဆပါသလဲ။

မတ်လ ၂၃ရက်၊ စနေညမှာ တင်ဆက်မယ့် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင် ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။