BBC navigation

KNU က သောင်ရင်း ရေလယ်ကျွန်းကို သိမ်း

နောက်ဆုံး ရေးသားချိန် 22 မတ်လ 2013 - 04:16 GMT
Thaung Yin Island

သောင်ရင်း မြစ်လယ်ကျွန်းပေါ်ရှိ ယာယီတဲငယ်များ

KNU မြဝတီ ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူး စောမိုရှေးနဲ့ နောက်လိုက် ၁၇ ယောက်တို့က ယူနီဖောင်းလက်နက် အပြည့်အစုံ ဝတ်ဆင်ပြီး သောင်ရင်းမြစ် ရေလယ်ကျွန်းကို ဝင်ရောက်သိမ်းပိုက်စီးနင်းလိုက်ပါတယ်။

အခုလို ရုတ်တရက် ဝင်ရောက် သိမ်းပိုက်စီးနင်းလိုက်တဲ့ အပေါ် မြန်မာ အစိုးရဘက်က အကျိုးအကြောင်းသေသေချာချာ မသိရတဲ့ အတွက် အခြေအနေ တစုံတရာ တင်းမာနေတယ်လို့ သိရပါတယ်။

ဗိုလ်မှူးစောမိုရှေးတပ်ဖွဲ့က အခုလို သိမ်းပိုက်ရတာကတော့ အဲဒီရေလယ်ကျွန်းလေး ပေါ်မှာ ယာယီတဲအိမ်ငယ်တွေ ဆောက်လုပ်နေထိုင်ကြတဲ့ သူတွေဟာ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေပြီး သူတို့ကို အရေးယူသူမရှိဘဲ လွှတ်ထားကြတဲ့အတွက် ဝင်ရောက်ထိန်းသိမ်းလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဝင်ရောက်စီးနင်းပြီးနောက် ယာဘ ဆေးပြား ၁၆ ထုတ်၊ ဆေးပြား ၁ ကီလို၊ ပစ္စတို ၁ လက် သိမ်းဆည်း ရမိခဲ့တယ်လို့ ဆိုပါတယ်။ လူ ၅၀ ကိုလည်း ဖမ်းဆီးထိန်းသိမ်း ထားတယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်နဲ့ ဗိုလ်မှူး စောမိုရှေး တပ်ဖွဲ့ကြားမှာ အခြေအနေ တင်းမာနေဆဲဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။