BBC navigation

မိတ္ထီလာ အဓိကရုဏ်း သေဆုံးသူ ၃၀ ကျော်

နောက်ဆုံး ရေးသားချိန် 23 မတ်လ 2013 - 11:26 GMT

အဓိက ရုဏ်းတွေ အတွင်း အနည်းဆုံး ၃၀ လောက် သေဆုံး သွားခဲ့ ရပါတယ်

မိတ္ထီလာ အဓိက ရုဏ်းတွေ အတွင်း အနည်းဆုံး ၃၀ ကျော် သေဆုံး သွားခဲ့ တယ်လို့ ဒုတိယ ရဲမှူးကြီး တဦးက ဘီဘီစီကို အတည်ပြု ပြောကြား ပါတယ်။

၂၃ ရက်နေ့ ညနေ ကလည်း အိမ်တွေကို သွားရောက် တိုက်ခိုက်မှု တခု ဖြစ်ပွား ခဲ့တယ် လို့လည်း ဒုတိယ ရဲမှူးကြီးက ပြောပါတယ်။

အရေးပေါ် အခြေ အနေ ကြေညာ ပြီးနောက်မှာ စစ်တပ်ကို ချထား လိုက်ပြီး စစ်သား တွေဟာ မြို့ လမ်းမတွေ ပေါ်မှာ ကင်းလှည့် သွားလာ စောင့်ကြည့် နေကြ တောကြောင့် အခုတော့ အခြေ အနေတွေ ပြန်တည် ငြိမ်လာပြီ ဖြစ်ပါတယ်။

၃ ရက် အတွင်း အဓိကရုဏ်း တွေကြောင့် ဗလီ ၅ ခု အပါ အဝင် မွတ်ဆလင်တွေ ပိုင်တဲ့ အိမ်နဲ့ ဆိုင်ခန်း အတော် များများလည်း မီးရှို့ ခံလိုက် ရပါတယ်။

နှစ်ဘက် စလုံးက ဒုက္ခသည် အရေ အတွက် ၂ သောင်း လောက်ရှိ မယ်လို့ ဒုက္ခသည် ဒေသခံ တွေက ပြောပါတယ်။ အစ္စလာမ် ဘာသာဝင် ဒုက္ခသည် တွေ ကိုတော့ ဘောလုံး ကွင်းနဲ့ အမှတ် ၁ စခန်း ဘက်မှာ ထားပြီးတော့ ဗုဒ္ဓဘာသာ ဝင် ဒုက္ခသည်တွေ ကိုတော့ ဘုန်းကြီး ကျောင်းတွေမှာ ထားတယ်လို့ ပြောပါတယ်။

အခုတော့ ဒုက္ခ သည်တွေ အတွက် ကယ်ဆယ် ရေး ပစ္စည်းတွေ ရောက်ရှိ လာနေ တယ်လို့ သိရပါတယ်။

မြန်မာ နိုင်ငံမှာ လူဦးရေ သန်း ၆၀ လောက် ရှိတဲ့ အထဲမှာ မွတ်ဆလင် လူဦးရေက ခန့်မှန်းခြေ ၄ ရာခိုင်နှုန်း လောက် ရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။