BBC navigation

မိတ္ထီလာ မှာ အရေးပေါ်အခြေအနေ ကြေညာပြီး ငြိမ်သက်မှုရှိလာ

နောက်ဆုံး ရေးသားချိန် 23 မတ်လ 2013 - 01:29 GMT
meiktila

အရေးပေါ်အခြေအနေ ကြေညာထား

သောကြာနေ့ ညနေပိုင်း က စပြီး အရေးပေါ်အခြေအနေ ကြေညာ ပြီးတဲ့နောက် မိတ္ထီလာမြို့က အနည်းငယ် ငြိမ်သက်မှုရှိလာ ပါတယ်။

အဲဒီနေ့ နေ့လည်ပိုင်း အထိ မီးရှို့မှုတွေ ရှိနေဆဲဖြစ်ပေမယ့် အရေးပေါ်အခြေအနေ ကြေညာပြီး တဲ့ ညနေပိုင်း က စပြီး လူအုပ်စုဖွဲ့ တိုက်ခိုက် တဲ့ သတင်းမျိုး မကြားရသေး ဘူးလို့ အဲဒီ မြို့မှာရောက် နေတဲ့ သတင်းထောက် တဦး က ဘီဘီစီ ကို ပြောပြပါတယ်။

မီးရှို့တာတွေကြောင့် မြို့မှာ အဆောက်အဦ အတော်များများ မီးသင့် ပျက်ဆီးနေပြီလို့ လည်း သူ ကပြောပါတယ်။

မီးရှို့ထားတဲ့ ရုပ်အလောင်းတွေ ကိုလည်း ကိုယ်တိုင် မြင်ခဲ့ ရကြောင်းနဲ့ သူတွေ့ တာ ရန်ကုန် မန္တလေး ကားလမ်း အဟောင်း ပေါ်မှာ အဲဒီလို ရုပ်အလောင်း၂ လောင်း နဲ့ မိတ္ထီလာ ကန်ဘောင် ဘက်မှာ ၁၀ လောင်း လောက် မြင်ခဲ့ ရကြောင်း ပြောပြပါတယ်။

ကြောက်လန့်မှုတွေ နဲ့ လူတွေ အပြင် မထွက်ရဲတာကြောင့် မြို့ဟာ တိတ်ဆိတ် နေပြီး စျေးဝယ်ရ လည်း ခက်ခဲ နေပြီ ဖြစ်တဲ့ အကြောင်း အိမ်ရှင်မ တဦး ကလည်း ဘီဘီစီ ကို ပြောပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။