BBC navigation

ရမည်းသင်း ရွာတန်းရွာ မှာ မီးလောင်

နောက်ဆုံး ရေးသားချိန် 23 မတ်လ 2013 - 21:24 GMT
meikhtila

မိတ္ထီလာမှာ လုံခြုံရေး စောင့်ရှောက်ပေးနေတဲ့ ရဲဝန်ထမ်း တွေ

ရမည်းသင်းမြို့ နဲ့ ၈မိုင်အကွာလောက်မှာ ရှိတဲ့ ရွာတန်းရွာမှာ စနေနေ့ ညပိုင်းက မီးလောင် ကျွမ်းမှု ဖြစ်ခဲ့ပြီး အိမ်ခြေ ၅၅ လုံး မီးလောင်ကျွမ်းသွားတယ် လို့ ရမည်းသင်း က ရဲတပ်ဖွဲ့ဝင် တဦး က ပြောပါတယ်။

မီးထဲမှာ ပါသွားတဲ့ အိမ်အများစုက မွတ်ဆလင် တွေ နေထိုင်တဲ့ အိမ်တွေဖြစ်ကြောင်း စုံစမ်း သိရပြီး ဒါ ရှို့မီးလား လို့ သင်္ကာမကင်း ဖြစ်ကြတဲ့ အပေါ် မိတ္ထီလာ ဘက်က မငြိမ်သက်တဲ့ ပုံစံမျိုး ကူးလာ သလားဆိုတဲ့ စိုးရိမ်ချက် တွေ လည်း ဒေသအတွင်း ဖြစ်နေပါတယ်။

ရမည်းသင်း ခရိုင်အဆင့် ရဲအရာရှိတွေ အပါအဝင် ရဲတပ်ဖွဲ့ ကတာဝန်ရှိသူတွေ ရွာတန်းရွာ ဘက်ကို ချက်ချင်း သွားရောက် စုံစမ်းမှုတွေ လုပ်နေတယ် လို့ လည်း သိရပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။