BBC navigation

ပဲခူးတိုင်း အိုးသည်ကုန်းမြို့မှာ ဆူပူ တိုက်ခိုက်မှုဖြစ်

နောက်ဆုံး ရေးသားချိန် 25 မတ်လ 2013 - 12:10 GMT

ပဲခူးတိုင်း အိုးသည်ကုန်း မြို့မှာ ပလီတလုံးနဲ့ အိမ်တချို့ မတ်လ ၂၄ ရက်နေ့ ညက တိုက်ခိုက် ဖျက်ဆီး ခံခဲ့ ရတယ်လို့ ဒေသခံ တဦးက ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။

လူပေါင်း ၂၀၀ လောက် ပါတဲ့ အုပ်စုဟာ အိုသည်ကုန်းက ပလီ တလုံးကို တိုက်ခိုက် ခဲ့တာ ဖြစ်ပြီး၊ မွတ်ဆလင်တွေ ပိုင်ဆိုင် တဲ့ အိမ်နဲ့ စျေးဆိုင် ၂၀ ကျော် ကိုလည်း ဖျက်ဆီး သွားတယ် လို့ သိရပါတယ်။

အုတ်ဖို မင်းလှ တပ်ကုန်း ဘက်မှာလည်း အခုလို ဆူပုန်မှု တချို့ ဖြစ်ခဲ့ တယ်ဆို တာကို ထောက်လှမ်းဌာနက ဒုတိယ ရဲမှူးကြီး မင်းအောင်က ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။

အခုတော့ လုံခြုံရေးတွေ ရောက်ရှိလာ တဲ့အတွက် အခြေ အနေတွေ ပြန်ငြိမ် သွားတယ်လို့ ဆိုပါတယ်။

မိတ္ထီလာမြို့မှာ တော့ အရေးပေါ် အခြေအနေ ကြေညာပြီး စစ်တပ်ကို ချထား လိုက်ပြီ ဖြစ်တဲ့ အတွက် အခြေ အနေတွေ တည်ငြိမ် လာနေပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ဒုက္ခသည် စခန်း တချို့မှာ ဝမ်းပျက် ဝမ်းလျှော ဖြစ်နေ ကြတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။