BBC navigation

ရန်ကုန်တိုင်း မြို့နယ် တချို့ မှာ ပုဒ်မ ၁၈၈ ထုတ်ပြန်

နောက်ဆုံး ရေးသားချိန် 25 မတ်လ 2013 - 16:07 GMT

ရဲ အင်အားလည်း လုံလုံ လောက်လောက် စီမံ ထားတယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေပြော

ရန်ကုန်တိုင်း မြို့နယ် တချို့မှာ ပုဒ်မ ၁၈၈ အမိန့် ထုတ်ပြန် လိုက်ပြီး စျေးဆိုင် တွေကိုလည်း ည ၉ နာရီ နောက်ပိုင်း အကုန် ပိတ်ဖို့ အမိန့် ထုတ်ပြန် ထား ပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေ ကတော့ ၂၄ ရက်နေ့ ညက ရန်ကုန် မြို့မှာ အထိတ် တလန့် ဖြစ်ပွားခဲ့တာ ကြောင့် အခုလို ဆိုင်တွေကို ည ၉ နာရီ နောက်ပိုင်း ပိတ်ခိုင်း ရတာလို့ ဘီဘီစီကို ပြောပါတယ်။

အဲဒီလို အထိတ် တလန့် ဖြစ်ရ တာဟာလည်း အရက်ဆိုင် တွေက စခဲ့တာ ဖြစ်လို့ မဖြစ် သင့်တာတွေ မဖြစ် ရအောင် အရက်ဆိုင် တွေကို အဓိက ထားတာ ဖြစ်တယ် လို့ ပြောပါတယ်။

ရန်ကုန် မြို့ရဲ့ အခြေ အနေဟာ အေးအေး ဆေးဆေး ဖြစ်ကြောင်းနဲ့ ဒေသ တည်ငြိမ်ရေး အတွက် စီစဉ် ဆောင်ရွက် မှုတွေ အသေ အချာ လုပ်ထား တယ်လို့ ပြောပါ တယ်။ ရဲ အင်အားလည်း လုံလုံ လောက်လောက် စီမံ ထားတယ်လို့ ဆိုပါတယ်။

ပုဒ်မ ၁၈၈ ကတော့ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အရေးပေါ် အခြေ အနေများ မဖြစ် ပေါ်ရန် ကြိုတင် တားဆီးတဲ့ အနေဖြင့် ထုတ်ပြန် လေ့ရှိပြီး အာဏာပိုင်များရဲ့ အမိန့်ကို မနာခံမှု အပေါ် အရေးယူနိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။