အစိုးရနဲ့ NLD ဘယ်သူ မြတ်သလဲ

Daw Aung San Suu Kyi
Image caption အင်န်အယ်လ်ဒီပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်

ဧပြီ ၁ ဟာ ပြီးခဲ့တဲ့ တနှစ်က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

အစိုးရက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အင်န်အယ်လ်ဒီ ပါတီကို ကြားဖြတ် ရွေးကောက်ပွဲ ဝင်စေခဲ့တာဟာ အစိုးရနဲ့ အင်န်အယ်လ်ဒီ ဘယ်ဘက်က အကျိုးအမြတ် ပိုထွက်ခဲ့ပါသလဲ။

မတ် ၃၀၊ စနေညမှာ တင်ဆက်မယ့် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ သောတရှင်တွေ ပါဝင် ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

တိုက်ရိုက် ပါဝင် ဆွေးနွေး လိုတယ်ဆို burmese@bbc.co.uk ကို တယ်လီဖုန်းနံပါတ်နဲ့ နေထိုင်တဲ့ နိုင်ငံကို ရေးသား ပေးပို့ ဆက်သွယ် ထားမယ်ဆိုရင် ဘီဘီစီက ပြန်ခေါ်ပါ့မယ်။