မိတ္ထီလာ အကြမ်းဖက်မှုမှာ ဆုံးရှုံး နစ်နာ သူများရဲ့ ဒုက္ခများ

Police in Meikhtila after Riots
Image caption မိတ္ထီလာမြို့မှာ လုံခြုံရေးတွေ ချထားတဲ့ အတွက် တည်ငြိမ် နေတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း မိတ္ထီလာ မြို့မှာ လူစု လူဝေးနဲ့ ဆူပူ ရုန်းရင်း ဆန်ခတ် မှုတွေနဲ့ သေစေ လောက်တဲ့ လက်နက် စွဲကိုင်ပြီး အကြမ်းဖက်မှု တို့ နောက်ပိုင်း တခြား တိုင်းဒေသ အတွင်းက မြို့နယ်ပေါင်း ၁၅ မြို့နယ် အထိ ကူးစက် သွားခဲ့ တယ်လို့ အစိုးရက သတင်း ထုတ်ပြန်ပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှု တွေကြောင့် ထိခိုက် နစ်နာ ခဲ့ကြ ရသူတွေဟာ ဒုက္ခသည် စခန်း ခြောက်ခုမှာ ရှိနေ ကြပြီး လူပေါင်း ၉၀၆၅ ယောက် ရှိနေတယ်လို့ လည်း ဆိုပါတယ်။

မိတ္ထီလာနဲ့ ပဲခူးတိုင်း အတွင်းက မြို့တချို့မှာ ဖြစ်ခဲ့တဲ့ ဆူပူ မီးရှို့ အကြမ်းဖက် တိုက်ခိုက်မှု တွေကြောင့် ကိုယ်တိုင် နစ်နာ ဆုံးရှုံး ခဲ့ကြသူတွေ၊ မိသားစု အသက် ဆုံးရှံး ခဲ့ကြရသူ တွေရဲ့ ကိုယ်တွေ့ အတွေ့ အကြုံ တွေကို တင်ပြ ပေးဖို့ ဘီဘီစီက ကြိုးစား ဆက်သွယ် ခဲ့ရာမှာ မိတ္ထီလာမြို့ အမှတ် ၃ အထက ကျောင်းက ဒုက္ခသည် စခန်းမှာ လောလောဆယ် ခိုလှုံနေတဲ့ မွတ်ဆလင် အမျိုး သမီး တစ်ယောက်က သူ့မိသားစု လေးယောက် အသက် ဆုံးရှုံး ခဲ့ရတဲ့ အဖြစ်ကို ပြောပြ ပါတယ်။

ဒုက္ခ ရောက်ကြရ သူတွေ ထဲမှာ မွတ်ဆလင် တွေ သာမက မွတ်ဆလင် ရပ်ကွက်ထဲမှာ နေထိုင် ကြတဲ့ ဗုဒ္ဓ ဘာသာဝင် တွေလည်း သူတို့ရဲ့နေအိမ် တွေ မီးလောင် ပြာကျ သွားလို့ အတိ ဒုက္ခ ရောက် နေကြ ပါတယ်။

ဥတ္တရာ ဇေယုံ ဘုန်းတော်ကြီး ကျောင်းမှာ ခိုလှုံနေကြတဲ့ မိသားစု ၃၆ စု၊ လူ ၂၀၁ ယောက် စလုံးဟာ သူတို့ နေအိမ်တွေ မီးရှို့ ခံခဲ့ကြရ ပါတယ်။

အဲဒီထဲက ဒုက္ခသည် အမျိုးသား တစ်ယောက်က သူ့နဲ့ သူ့ မိသားစုတွေ ဒုက္ခသည် စခန်းကို ရောက်လာ တဲ့ အကြောင်း ပြောပြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ