အရေးပေါ်ကာလ စီမံခန့်ခွဲရေး ကော်မတီဖွဲ့

burma
Image caption အဓိကရုဏ်းတွေကြောင့် ပျက်စီးခဲ့ရတဲ့ မိတ္ထီလာမြို့ တနေရာ

မြန်မာ နိုင်ငံမှာတော့ အရေးပေါ်ကာလ စီမံ ခန့်ခွဲရေး ကော်မတီ တစ်ရပ်ကို နိုင်ငံတော် သမ္မတရုံးက မတ်လ ၃၀ ရက် ရက်စွဲနဲ့ ဖွဲ့စည်း လိုက်တယ်လို့ နိုင်ငံပိုင် မီဒီယာ တွေက သတင်းထုတ်ပြန် ခဲ့ပါတယ်။

အဲဒီ ကော်မတီကို အဖွဲ့ဝင် ၁၀ ဦးနဲ့ ဖွဲ့စည်း လိုက်တာ ဖြစ်ပါတယ်။ ကော်မတီ အနေနဲ့ လူမျိုး၊ ဘာသာရေး အဓိကရုဏ်း တွေ ထပ်မံမပေါ်ပေါက် စေဖို့ လုပ်ဆောင် သွားမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကော်မတီရဲ့ လုပ်ငန်း စဉ် တွေထဲမှာ အစိုးရရဲ့ လုံခြုံရေး အဖွဲ့အစည်းများ အကြား ထိရောက်တဲ့ ပူးပေါင်း ဆောင်ရွက် မှုများ ပြုလုပ် နိုင်စေရန်နဲ့ အဓိကရုဏ်း ဖြစ်ပွားတဲ့ အခါမှာ လျှင်လျှင်မြန်မြန် သွားရောက် နှိမ်နင်း နိုင်ရေး အတွက် စီမံပေးရန်တို့ ဖြစ်ပြီး အဓိကရုဏ်း ဖြစ်စေဖို့ လှုံ့ဆော် သူတွေကိုလည်း ဖော်ထုတ် ဖမ်းဆီး ထိန်းသိမ်းပြီး ဥပဒေအရ အရေးယူ နိုင်ရန် စသည်တို့ ပါဝင် ပါတယ်။

အဲဒီ ကော်မတီကို ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို က ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ပြီး သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ဒုတိယ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ကာ ပြည်ထဲရေး ဝန်ကြီး ဌာနက ဒုတိယ ဝန်ကြီး ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင် သွားမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ