APနဲ့ NHK သတင်းဌာန ရုံးခွဲတွေ ရန်ကုန်မှာ ဖွင့်လှစ်

  • 2 ဧပြီ 2013
Image caption ရန်ကုန်မြို့ AP သတင်း ဌာန ရုံးခွဲ ဖွင့်လှစ်ပြီး တွေ့ရစဉ်

မြန်မာ အစိုးရ ကနေ အမေရိကန် အခြေစိုက် AP သတင်းဌာနနဲ့ ဂျပန် အခြေစိုက် NHK သတင်း ဌာန ရုံးခွဲတွေ ကို ဧပြီ ၁ ရက်နေ့ က ရန်ကုန်မှာ ဖွင့်ခွင့် ပြုလိုက်ပြီ ဖြစ်ပါတယ်။

ပါရီ အခြေစိုက် RSF နယ်စည်း မခြား သတင်းစာ ဆရာများ အဖွဲ့ ရဲ့ သတင်းစာ လွတ်လပ်မှု ညွှန်းကိန်း မှာတော့ မြန်မာ နိုင်ငံကို ၁၇၉ နိုင်ငံ အနက် ၁၅၁ နေရာ အဆင့် မှာပဲ ထားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ်ကထက် ၁၈ နေရာ တက်လာ ပေမယ့် မတ်လက လွှတ်တော်မှာ အစိုးရ တင်သွင်း ခဲ့တဲ့ မီဒီယာ ဥပဒေ က စာနယ်ဇင်း တိုးတက်မှု တွေကို နောက်ပြန် ဆုတ်သွား စေနိုင်တယ်လို့ RSF က သတိပေး ထားပါတယ်။

မြန်မာ အစိုးရသစ် လက်ထက် စတင် ခဲ့တဲ့ ပြုပြင် ပြောင်းလဲရေး ခြေလှမ်း တစ ဖြစ်တဲ့ ပုဂ္ဂလိက သတင်းစာ တွေ ထုတ်ဝေမှုကိုလည်း ခွင့်ပြု လိုက်ပြီ ဖြစ်လို့ ဆယ်စု နှစ် များစွာ အစိုးရ ထိန်းချုပ်မှု အောက်မှာ နေခဲ့ ရတဲ့ ပြည်သူတွေ အဖို့ သတင်းစာ ရွေးချယ် ဖတ်လို့ ရလာပြီ ဖြစ်ပါတယ်။

သတင်းစာ ၁၆ စောင်ကို ထုတ်ဝေခွင့် ပြုခဲ့ ပေမယ့် ပထမဆုံး ၄ စောင်ပဲ ထွက် လာတာကို တွေ့ရ ပါတယ်။

စစ်အာဏာရှင် စနစ် အောက်မှာ နှစ်ပေါင်း များစွာ နေခဲ့ ရပြီးနောက် သတင်းစာ သမား တွေ အနေနဲ့ ပြည်သူတွေ လိုလားတဲ့ သတင်း အချက် အလက်တွေ ပေးနိုင်ပြီ ဖြစ်လို့ စိတ်လှုပ်ရှား မိရကြောင်း ဗွိုက်စ် နေ့စဉ် သတင်းစာ အယ်ဒီတာ က ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ