ရန်ကုန်က အစ္စလာမ် စာသင်ကျောင်း မီးလောင်

  • 2 ဧပြီ 2013
Image caption သေဆုံးသူ ၁၃ ဦးဟာ ယောက်ျား ငယ်လေးတွေ ဖြစ်ကြ ပါတယ်

ရန်ကုန်မြို့ ဗိုလ်တထောင် မြို့နယ်က အစ္စလာမ် ဘာသာရေး စာသင်ကျောင်း တခုမှာ ဒီကနေ့ မနက် ၂ နာရီ ၁၅ မိနစ် လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူ ၁၇ ဦး လောက် သေဆုံးသွား တယ်လို့ ဒေသခံတွေက ခန့်မှန်းခဲ့ပေမယ့် ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တွေ ဘက်ကတော့ ၁၃ ဦး သေဆုံးတယ်လို့ အင်္ဂါနေ့မနက်မှာ အတည်ပြု ပြောဆိုပါတယ်။

မီးဘေးကနေ ထွက်ပြေးခဲ့ကြတဲ့ လူငယ် ၄ ဦးကို ပြန်လည် တွေ့ရှိတဲ့အတွက် သေဆုံးသူ ၁၇ ဦးမဟုတ်ပဲ ၁၃ ဦးဖြစ်တယ်လို့ ရဲအရာရှိ တစ်ဦးက ရှင်းပြပါတယ်။

၄၈ လမ်း အပေါ် ဘလောက်က အစ္စလာမ် စာသင်ကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီမီးလောင် မှုဟာ လျှပ်စစ် ဝါယာရှော့ ဖြစ်ပြီး စလောင် ခဲ့တာလို့ သိရကြောင်း ဗိုလ်တထောင် ဒေသခံ အမျိုး သမီး တဦးက ဘီဘီစီကို ပြောပါတယ်။

မနက် ၃ နာရီ ကျော်လောက် အချိန်မှာ မီးငြိမ်းသတ် နိုင်ခဲ့ပြီး၊ အနီး အနားက အိမ်တွေတော့ ထိခိုက်မှု ကြီးကြီး မားမား မရှိခဲ့ ဘူးလို့ လဲ အဲဒီ အမျိုး သမီးက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ