ဘာသာရေးကျောင်း မီးလောင်မှု ၁၃ ဦးသေဆုံး

  • 2 ဧပြီ 2013
Mosque Fire
Image caption သေဆုံးသူ ၁၃ ဦးကို နေ့ချင်း သင်္ဂြိုဟ်ခဲ့

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၈ လမ်းက အစ္စလာမ် ဘာသာရေး စာသင်ကျောင်း တခုမှာ ဧပြီလ ၂ ရက် မနက် ၂ နာရီ ၁၅ မိနစ် လောက်က မီးလောင်မှု ဖြစ်ပွားရာမှာ အဲဒီကျောင်းမှာ ရှိတဲ့ ဆယ်ကျော်သက်အရွယ် လူငယ် ၁၃ ဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူ အများစုက အသက် ၁၃ နှစ်၊ ၁၄ နှစ်တွေ ဖြစ်ပြီး အသက် အကြီးဆုံးက ၁၆ နှစ်လောက်ပဲ ရှိသေးတယ်လို့ ရန်ကုန် ဒေသခံတွေက ပြောပါတယ်။ ကလေးတွေ အိပ်နေတဲ့အချိန်မှာ မီးလောင်မှု ဖြစ်တာလို့ သိရပါတယ်။

မီးခိုးမွန်းမှု၊ မီးလောင်မှုတွေနဲ့ သေဆုံးခဲ့တဲ့ ကလေးတွေကို အစ္စလာမ် ထုံးစံအရ နေ့ချင်းပဲ မြေမြှပ် သင်္ဂြိုဟ်ခဲ့ပါတယ်။ အသက်ရှင် ကျန်ခဲ့တဲ ကလေးတွေကိုတော့ မင်္ဂလာ တောင်ညွန့်မြို့ နယ် က ဗလီတစ်ခုမှာ စောင့်ရှောက် ထား ခဲ ပြီး တော့ မိ ဘတွေကို ပြန်လည် အပ်နှံခဲ့ပါတယ်။

မီးလောင်မှုဟာ မီးအားမြှင့်စက်ကနေ အပူများပြီး ဝါယာရှော့ဖြစ်ကာ လောင်ခဲ့တယ်၊ ရှို့မီးအဖြစ် သံသယဖြစ်စရာ မတွေ့ရဘူးလို့ ရန်ကုန်တိုင်း မီးသတ်ဌာနက တိုင်းတာဝန်မှုး ဦးမြင့်သိန်းက ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် အစ္စလာမ် ဘာသာဝင် တချို့ကတော့ ဒီမီးဟာ မတော်တဆမီး ဖြစ်တယ်တယ်ဆိုတာကို သံသယရှိကြတယ်လို့ ပြောပါတယ်။

အစ္စလာမ် သာသနာရေးရာ ကောင်စီဌာနချုပ်ရဲ့ အတွင်းရေးမှူးချုပ် ဖြစ်တဲ့ ဦးတင်မောင်သန်းကတော့ ဒီကိစ္စကို ပညာရှင်တွေနဲ့ လွတ်လွတ် လပ်လပ် စုံစမ်းဖို့ လိုတယ်၊ နောက်ပြီး အစ္စလာမ် ဘာသာဝင်တွေ အနေနဲ့လည်း အဖြစ်အပျက် အမှန် သိရအောင် တတ်နိုင်တဲ့ဘက်က ပူးပေါင်း ပါဝင်ကူညီဖို့နဲ့ အခြေအနေ အမှန်ကို တည်တည် ငြိမ်ငြိမ်နဲ့ သုံးသပ်နိုင်ဖို့ တိုက်တွန်း ထားတယ်လို့ ပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရကတော့ ဒီမီးလောင်မှုမှာ ပေါ့လျော့သူတွေ၊ တာဝန်ရှိသူတွေကို အရေးယူ ဆောင်ရွက်မယ်လို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ