အစ္စလာမ်ကျောင်း မီးလောင်မှု ဝန်ကြီးချုပ် ရှင်းလင်း

  • 2 ဧပြီ 2013
Image caption အရှေ့ပိုင်း ခရိုင် ရဲမှူးကြီး ဖြစ်သူ ဒုတိယ ရဲမှူးကြီး မြင့်အေးက ဒီဇယ်ပုံး သက်သေ ပစ္စည်းကို ပြသ

ရန်ကုန် ဗိုလ်တထောင် မြို့နယ်က အစ္စလာမ် ဘာသာ စာသင်ကျောင်းမှာ မီးလောင်မှု ဖြစ်ပွား ခဲ့လို့ ယောက်ျားလေး ၁၃ ဦး သေဆုံး သွား ခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက် ပြီး ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက သတင်းစာ ရှင်းလင်း ပွဲ ပြုလုပ်ခဲ့ ပါတယ်။

မနက် ၂ နာရီ ဝန်းကျင် လောက်က ဖြစ်ပွား ခဲ့တဲ့ ၄၈ လမ်း အပေါ် ဘလောက်က အစ္စလာမ် စာသင် ကျောင်း မီးလောင် မှုဟာ မီးအား မြှင့်စက် ကနေ အပူလွန်ပြီး စတင် လောင်ကျွမ်း ခဲ့တာ လို့လည်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက သတင်းစာ ရှင်လင်းပွဲမှာ ပြောကြား ပါတယ်။

ဖြစ်ပုံမှာ မီအား မြှင့်စက် အပူလွန်ပြီး မီးလောင် တာကို ကလေး တွေက ဝိုင်းငြှိမ်း သတ်ရာ၊ မရ တော့ပဲ နောက်ပိုင်းမှာ မီးစက် အတွက် သုံးတဲ့ ဒီဇယ်ပုံးကို မီးကူး ပြီး အပေါ်ထပ် အထိ လောင်ကျွမ်း သွားတာလို့ ကလေးတွေ ကလည်း ထွက်ဆို ခဲ့ကြောင်း အရှေ့ပိုင်း ခရိုင် ရဲမှူးကြီး ဖြစ်သူ ဒုတိယ ရဲမှူးကြီး မြင့်အေး က ပြောပါတယ်။

အဲဒီလို ဖြစ်ခဲ့ တယ်ဆိုတဲ့ စုံစမ်း တွေ့ရှိ ချက်နဲ့ သက်သေခံ ပစ္စည်း တွေ ကိုလည်း သတင်းစာ ရှင်းလင်း ပွဲမှာ ပြသထား ပါတယ်။

အဲဒီ ညက ကျောင်း တာဝန်ခံ တွေအဖြစ် ညအိပ် စောင့်ခဲ့သူ နှစ်ဦး ထဲက ကိုဇေယျာဖြိုး ဆိုသူ ကတော့ သူ့အပြစ် ဖြစ်မှာ စိုးတဲ့ အတွက် ရှို့မီး ဖြစ်သယောင် ပြောကြား ခဲ့တယ် လို့လည်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောပါတယ်။

အခုတော့ ကိုဇေယျာဖြိုးကို မီးပေါ့စမှု လူသေစေ မှုတွေနဲ့ အမှုဖွင့် ထားပြီး၊ နောက်ထပ် သူနဲ့ အတူ အိပ်စောင့်တဲ့ ကိုခင်မောင်အေး ကတော့ ထွက်ပြေး လွတ်မြောက် နေတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ