မိုဘိုင်းဖုန်း စင်းမ်ကဒ်ကျပ်၁၅၀၀ နဲ့စရောင်းတော့မယ်

  • 3 ဧပြီ 2013
နောက်ဆုံးပေါ် မိုဘိုင်းဖုန်းများ
Image caption နောက်ဆုံးပေါ် မိုဘိုင်းဖုန်းများ

မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းစင်းမ်ကဒ်တခုကို ကျပ်၁၅၀၀နှုန်းနဲ့ ဧပြီလ ၂၄ရက်နေ့ကနေ တပြည်လုံးကို ဖြန့်ချီပေးမှာဖြစ်ပါတယ်။ ပထမအဆင့် အနေနဲ့ CDMA အမျိုးအစား စင်းမ်ကဒ်တွေကို အရင်ဆုံးရောင်းချ ပေးမှာဖြစ်ပါတယ်။

နောက်ပိုင်းမှာ GSM နဲ့WCDMA 3G အမျိုးအစား တွေကိုရောင်းပေးမှာဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးနဲ့ သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနက ကြေညာ သွားပါတယ်။

အခုရောင်းမယ့် စင်းမ်ကဒ်တွေဟာ မူလထည့်ပေးတဲ့ ငွေသုံးရာဖိုး မကုန်မီ အနည်းဆုံး ၅၀၀၀ ကျပ်တန်ကြိုတင် ငွေဖြည့်ကဒ်နဲ့ ငွေဖြည့်သုံးစွဲဖို့လိုပါတယ်။ တကယ်လို့ သတ်မှတ်ထားတဲ့ ၁၅ရက်အတွင်း ငွေမဖြည့်ပါက အလိုအလျောက် လိုင်းပိတ်သွားမယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းကပြောပါတယ်။

လစဉ်မိုဘိုင်းဖုံးကဒ် သုံးသိန်းခွဲကို ပြည်နယ်တိုင်း ဒေသကြီးများကို ခွဲဝေရောင်းချ သွားမှာဖြစ်ပါတယ်။

အခုရောင်းချမည့် ကဒ်များကို တပြည်လုံးသာမက နိုင်ငံရပ်ခြားအထိ ဆက်သွယ် ပြောဆိုနိုင်မှာဖြစ်ပါတယ်။