မြန်မာ မိုဘိုင်းဖုန်း စျေးကွက်မှာ အပြိုင်အဆိုင် လုပ်ကိုင်ခွင့်ရဖို့ ကြိုးစား

Image caption ဗြိတိန် အခြေစိုက် Vodafone မြန်မာပြည်မှာ မိုဘိုင်းလိုင်စင် ရဖို့ ကြိုးစား

မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်း လုပ်ငန်း လိုင်စင် လုပ်ကိုင်ခွင့် ရဖို့ တရုတ် မိုဘိုင်း ကုမ္ပဏီ(0941.HK) ၊ ယူကေက Vodafone နဲ့ ဂျော့ချ် ဆိုးရော့စ် က ကျောထောက်နောက်ခံ ပေးထားတဲ့ ကုမ္ပဏီတို့တွေကနေ အပြိုင်အဆိုင် ကြိုးပမ်း နေကြပါတယ်။

ဒါဟာ ဘယ်သူမှ ခြေမချဖူးသေးတဲ့ မြန်မာ စျေးကွက်မှာ ပထမဆုံး ဝင်ရောက် လုပ်ကိုင်ခွင့် ရဖို့ ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။

ဒီလုပ်ငန်း လိုင်စင်ရဖို့ တခြား လုပ်ငန်းတူသူတွေနဲ့ ပူးပေါင်းပြီး အဖွဲ့ငယ်တခု ဖွဲ့ထားပြီးပြီလို့ ကမ္ဘာပေါ်မှာ ပထမ နဲ့ ဒုတိယ အကြီးဆုံး နေရာတွေမှာ လိုက်နေတဲ့ တရုတ်နဲ့ ဗြိတိန် အခြေစိုက် ဗိုဒါဖုန်း ကုမ္ပဏီတွေက ပြောပါတယ်။

အိုင်ယာလန်က Denis O’Brien ရဲ့ Digicel နဲ့ ပေါင်းထားတဲ့ ဂျော့ချ်ဆိုးရော့စ် အဖွဲ့ကလည်း မြန်မာ နိုင်ငံက စီးပွားရေး လုပ်ငန်းရှင် ဆာ့ချ်ပန်းနဲ့ ပေါင်းပြီး မိုဘိုင်းလိုင်စင် ရဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

မြန်မာ အစိုးရကတော့ မိုဘိုင်းဖုန်း လုပ်ကိုင်ခွင့်ကို လေးဦးလောက်ထိ ပေးဖို့ အစီအစဉ် ရှိတယ်လို့ ရိုက်တာ သတင်းမှာ ရေးသားထား ပါတယ်။