NLD ကျန်းမာရေး လုပ်ငန်း မိတ်ဆက်

  • 6 ဧပြီ 2013
Image caption NLD ကျန်းမာရေး မူဝါဒကို လိုအပ်တဲ့ အချိန်၊ လွှတ်တော်မှာ တင်သွင်းနိုင်အောင် အဆင်သင့် ဆောင်ရွက်ထားမယ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ရဲ့ ကျန်းမာရေး ကော်မတီ ကနေ သူတို့ လုပ်ဆောင် သွားမယ့် လုပ်ငန်း စဉ်တွေနဲ့ ပတ်သက်ပြီး မိတ်ဆက် တဲ့ ပွဲနဲ့ ရန်ပုံငွေ ရှာတဲ့ ပွဲကို ရန်ကုန် မြို့မှာ ကျင်းပခဲ့ ပါတယ်။

ဒီကော်မတီ ကနေ လုပ်ငန်း ၁၁ မျိုးလုပ် ဆောင်မယ်ဖို့ ချမှတ်ထား ရာမှာ၊ နိုင်ငံ အဆင့် ကျန်းမာရေး ပေါ်လစီ ချမှတ်ဖို့၊ ကျန်းမားရေး ဆိုင်ရာ ပြည်တွင်း ပြည်ပ ကွန်ယက် ဖွဲ့ဖို့၊ ရန်ပုံငွေ ရှာဖို့ စတာတွေ ပါဝင် ပါတယ်။

NLD ရဲ့ ကျန်းမာရေး မူဝါဒနဲ့ ပတ်သက်ပြီး အနည်းဆုံး မဟာ ဗျူဟာ တခု ပေါ်လာအောင် ရေးဆွဲမှာ ဖြစ်ပြီး၊ အဲဒီလို ရေးဆွဲတဲ့ နေရာ မှာလည်း ဒေသတွင်း ကျွမ်းကျင် သူတွေ၊ ပြည်သူ့ ကျန်းမာရေး ဌာနက စီမံ ခန့်ခွဲ သူတွေ ၊ နိုင်ငံခြားက ပညာရှင်တွေ အကုန်လုံး ဝိုင်းဝန်း ဆွေးနွေး ကြမှာ ဖြစ်ကြောင်း ကျန်းမာရေး ကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်းက ဘီဘီကို ပြောပါတယ်။

အဲဒီလို ထွက်ပေါ် လာတဲ့ မူဝါဒကို လိုအပ်တဲ့ အချိန်၊ လွှတ်တော်မှာ တင်သွင်း နိုင်ဖို့ ကိုလည်း အဆင်သင့် ဖြစ်အောင် ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဒေါက်တာ တင်မျိုးဝင်းက ပြောပါတယ်။

မူဝါဒကို ဖေါ်ဆောင် ဖို့ ကိစ္စ အတွက် ကျတော့ ရရှိတဲ့ ရန်ပုံငွေ၊ လုပ်အား၊ စွမ်းရည်၊ ကွန်ယက် စတာတွေ လိုအပ် ကြောင်းနဲ့ ရန်ပုံငွေ ရတဲ့ အပေါ် မူတည်ပြီး ၁၁ ခုထဲ က အဖြစ် နိုင်ဆုံးကို စလုပ် မယ်လို့ သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ