တရုတ် ဓါတ်ငွေ့ ပိုက်လိုင်းရွှေ့ပေးရေး

  • 6 ဧပြီ 2013
1_gas_304x171
Image caption ရေနံ နဲ့ ဓါတ်ငွေ့ ပိုက်လိုင်း

မြန်မာနိုင်ငံ မြောက်ပိုင်းရှမ်းပြည်နယ် ကို မိုင် ၈ဝဝ ခန့် ရှည်လျားတဲ့ ပိုက်လိုင်း ရဲ့ သုံးပုံ တပုံ ဖြတ်သန်းရာမှာ ရှမ်းတောင်သူတွေ ပိုင်ဆိုင်တဲ့ လယ်ယာ နဲ့ သီးနှံ စိုက်ခင်း တွေ ပါဝင် တဲ့ အတွက် မြေထိုးစက် နဲ့ အထိုးခံရပြီး မြို့နယ် ခြောက်ခု မှ ရှမ်းလယ်သမားတွေ ကို မတန်မရာ လျော်ကြေးငွေ အဓမ္မ လက်ခံ ခိုင်းပါတယ်။

အဲဒီအတွက် တရုတ်အစိုးရ ပိုင် CNPC ရေနံ နဲ့ ဓါတ်ငွေ့လုပ်ငန်း နဲ့ မြန်မာ့ရေနံ နဲ့ ဓါတ်ငွေ့ရောင်းဝယ်ရေး MOGE တို့ ကို ပိုက်လိုင်း လုပ်ငန်း အမြန် ရွှေ့ပြောင်းပေး ဖို့ ဒေသခံ လူထု က တောင်းဆို လိုက်ကြပါတယ်။

ဆောက်လုပ်ပုံ ညံ့ဖျင်းတဲ့ အတွက် ပိုက်လိုင်းပေါက်ရင် နယ်ခံလူထု အန္တရာယ် ရှိနိုင်ပုံ၊ သီပေါ မှာဆိုရင် ပိုက်လိုင်း ကို လှိုက်စား နိုင်တဲ့ ဆားပေါက် မြေ တွေကြောင့် ဓါတ်ငွေ့ ယိုစိမ့် ပေါက်ကွဲ မှု ဖြစ်နိုင်ပုံ ကို မြောက်ပိုင်းရှမ်း တောင်သူလယ်သမားများ ကော်မတီ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းဆန်အေး က ဘီဘီစီ ကို ပြောပါတယ်။

ရတနာ ဓါတ်ငွေ့ပိုက်လိုင်း က ကရင်ပြည်နယ် နဲ့ မွန်ပြည်နယ် ဖြတ်ရာမှာ အနောက်နိုင်ငံ က ဖေါက်ရာမှာပင် ပိုက်လိုင်းပေါက်မှု တွေ ရှိတဲ့ အတွက်၊ တရုတ်ဖေါက်တဲ့ ပိုက်လိုင်း ကို ပိုပြီးစိုးရိမ်ကြောင်း လည်း စိုင်းဆန်အေး က ရှင်းပြပါတယ်။

တရုတ် ဝမ်ပေါင် ကုမ္ပဏီ ကို လက်ပံတောင်းတောင် စီမံကိန်း ရပ်တံ့အောင် မလုပ်နိုင်ပေမယ့်၊ ပိုက်လိုင်းဖြတ်သန်းတဲ့ ၊ဒေသတကြော က လူထုနဲ့ ပါ ပူးပေါင်း တောင်းဆိုဖို့ ဆွေးနွေး ထားကြောင်း၊ အခုလည်း ဇင်းမယ် က တရုတ်ကောင်စစ်ဝန် ရုံး ကို တောင်းဆိုချက် ပေးပို့ ပြီးကြောင်းလည်း သိရပါတယ်။