ရန်ကုန်မှာ ငြိမ်းချမ်းရေး စတစ်ကာဝေ

  • 8 ဧပြီ 2013
yangon
Image caption ပ ဋိပက္ခ တွေ မလို ချင်ကြောင်း လူ ငယ်တွေ ဖော် ထုတ်

" ကျွန်ုပ် ကြောင့် လူမျိုးရေး ဘာသာ ရေး ပဋိပက္ခ မဖြစ် စေရ " လို့ရေးထား တဲ့ စတစ် ကာ တွေ ကို ဧပြီလ ၈ ရက် နေ့ လယ် ၃ နာရီ လောက်က ရန် ကုန် မြို့လယ် က ဘိုကလေး ဈေး နားမှာ ဘာသာ ပေါင်း စုံ က လူငယ် ၃ဝ ကျော် ပါဝင် တဲ့ အဖွဲ့တဖွဲ့ က ကား တွေ ကို လိုက်ဝေခဲ့ ကြ ပါတယ်။

ဒီနေ့ လှုပ်ရှား မှုမှာ တရုတ် လူ ငယ် တချို့ ပါဝင် ခဲ့ ပြီး ရန်ကုန် မြို့ ကုန် သည် လမ်း ပေါ် က ဘိုကလေး ဈေး နား မှာ ၄၅ မိ နစ်လောက်ကြာ တဲ့ ဘာသာ ရေး လူ မျိုး ရေး ပဋိပက္ခ ကို ဆန့် ကျင် တဲ့ စတစ် ကာ ဝေ တဲ့ လှုပ် ရှား မှု လုပ် ခဲ့ကြ တာပါ။

Mizzima Youth Network, Coexist, ၊ လိုင်ဇာ လမ်းလျှောက် လူငယ်အဖွဲ့၊ ပန်းပျိုးလက် စတဲ့ လူ ငယ် အဖွဲ့ ၇ ဖွဲ့ ပါ တဲ့ ဒီအုပ်စု မှာ အစ္စလာမ်၊ ဗုဒ္ဓဘာသာ နဲ့ ခရစ် ယာန် တွေ ပါဝင် ပြီး တော့ အများ စု က ဗုဒ္ဓဘာသာ ဝင် တွေ ဖြစ် ကြ ပါ တယ်။

ရန်ကုန် က လူ ငယ် တွေ ငြိမ်းချမ်းရေး လှုပ် ရှား မှု တွေ လုပ် နေပြီ ဆိုတာ အသိ ပေး ချင်လို့ အခုလိုလုပ် ရတာ လို့ ဒီ နေ့ လှုပ် ရှား မှုမှာ ပါတဲ့ ကို သန့်ဇင် ထွေး က ပြောပါတယ်။ "ဘာသာ လူမျိုး မခွဲခြား မြန်မာ နိုင်ငံသား" စတစ်ကာတွေနဲ့ အင်္ကျီ တွေ အပါအဝင် ဒီနေ့ စတစ် ကာ စု စု ပေါင်း ၁၅ဝဝ ကျော် ဖြန့် ဝေ ခဲ့တယ် လို့ လူငယ် ကွန်ယက် အဖွဲ့ဝင် တွေက ပြော ကြ ပါ တယ်။

ဧ ပြီ လ ၅ ရက် နေ့ ကလဲ ရန်ကုန် မြို့ လှည်းတန်း၊ မြေနီ ကုန်း၊ မင်္ဂ လာ ဈေး ၃ နေရာမှာ စတစ် ကာ တွေ ဝေ ခဲ့ ပါသေးတယ်။

မိတ္ထီလာအပါအဝင် မြန်မာ နိုင်ငံ အနှံ့ မြို့ တွေ မှာ မ ကြာ မီ ဒီ လှုပ် ရှား မှု တွေ စဖို့ရှိ နေတယ်လို့ ကို သန့်ဇင် ထွေး ကပြောပါတယ်။

ဒီလှုပ် ရှား မှုကို ရန်ကုန်က လူ တွေ က လှိုက်လှိုက်လှဲလှဲ တုံ့ ပြန့် ခဲ့ကြပြီး စတစ်ကာ တွေကို ကားတွေမှာ ကပ်ကြ၊ အင်္ကျီတွေ ယူဝတ်ကြ၊ စတစ်ကာ တွေ တောင်းကြတာ အပြင် လိုက်ကပ်ပေးကြတယ်လို့ သိရပါတယ်။ ဒီလို လှုပ်ရှား မှု တွေ ကြောင့် ပြည် တွင်း ပ ဋိပက္ခ တွေ ငြိမ်းချမ်းသွား နိုင် တယ် လို့ မဆိုနိုင်ပေမယ့် လူ ငယ်တွေ က တော့ ပ ဋိပက္ခ တွေ ကို မလို ချင် တော့ ဘူး ဆိုတာ ကို ဖော် ထုတ် နေကြ တာ ဖြစ်ပါတယ်။

လူ ငယ် တွေက သူ တို့ ယုံကြည်ရာ ကိုဆက်လုပ် မယ် လို့ ပြောနေကြ ပြီး တော့ ဒီ လှုပ်ရှား မှုဟာ သမ္မတ ဦး သိန်းစိန် မိန့်ခွန်းမှာ ပါသလို မြန်မာနိုင်ငံ ဒီ မိုကရေစီနဲ့ ငြိမ်းချမ်းရေး အတွက် အရပ်ဘက် လူအဖွဲ့အစည်း တွေ ပူးပေါင်းပါ ဝင် တာ ဖြစ် တယ်လို့ လဲ လူငယ် တွေက ပြောဆိုကြ ပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ