မြန်မာ နိုင်ငံရေးပါတီတွေ တရုတ်ပြည်ဖိတ်

  • 10 ဧပြီ 2013
china party
Image caption မြန်မာ အတိုက်အခံ ပါတီတွေကို ပထမဆုံးကြိမ် ဖိတ်

မြန်မာ နိုင်ငံရေးပါတီ တချို့ကို တရုတ်နိုင်ငံကို လေ့လာရေး လာဖို့ တရုတ်ကွန်မြူနစ်ပါတီ ဖိတ်ကြားလိုက်ပါတယ်။

ဒါဟာ မြန်မာ အတိုက်အခံ ပါတီတွေကို ပထမဆုံး အကြိမ် တရုတ် နိုင်ငံကို ဖိတ်ခေါ်တာ ဖြစ်ပြီး တရုတ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲ လုပ်ပြီး ဖြစ်ပေါ် လာတဲ့ ခရီးစဉ် ဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ် ပါတီ မဟာမိတ် ဖြစ်တဲ့ ကြံ့ခိုင်ရေး ပါတီလဲ ဒီခရီးစဉ်မှာ ပါဝင်နိုင်ပြီး ရခိုင်ပါတီနဲ့ ကျားဖြူပါတီတွေကို ဖိတ်ထား တယ်လို့ သိရကြောင်း ဖိတ်ကြားခံရသူ တယောက် ဖြစ်တဲ့ NDF ပါတီက ဦးခင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

တပါတီကို ကိုယ်စားလှယ် ၂ ယောက်ကျစီ ဖိတ်ကြားထားပြီး တရုတ်ကွန်မြူနစ် ပါတီ ဖွဲ့စည်းပုံနဲ့ စီးပွားရေး မူဝါဒတွေ အကြောင်း လေ့လာချင်တယ်လို့ ဦးခင်မောင်ဆွေက ဆိုပါတယ်။

မြန်မာပြည် အကြောင်း ပြန်လည်မေးလိမ့်မယ်လို့ ယူဆပြီး ဒီလိုမျိုး ပါတီချင်း ဆက်ဆံရေး ထားရှိလာတာဟာ တရုတ် အစိုးရရဲ့ မြန်မာ အပေါ် ထားရှိတဲ့ မူဝါဒသစ် ဖြစ်ဖွယ်ရှိကြောင်း သုံးသပ် ပြောဆိုသွား ပါတယ်။

အစိုးရ နဲ့ မသက်ဆိုင်တဲ့ မြန်မာ စာရေးဆရာ သတင်းစာဆရာတွေနဲ့ လူမှုရေး အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေကိုလဲ မကြာခင်က တရုတ်ပြည်ကို လေ့လာရေး ဖိတ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ