သမ္မတဦးသိန်းစိန် အတာသင်္ကြန် မိန့်ခွန်းပြော

Image caption သမ္မတ အိမ်တော် မြက်ခင်းပြင်မှာ သင်္ကြန်ပွဲ ကျင်းပ

မြန်မာ သမ္မတ ဦးသိန်းစိန် ကနေ မြန်မာ နှစ်သစ်ကူး အတာ သင်္ကြန် အချိန် အခါ အတွက် တိုင်းပြည်ကို မိန့်ခွန်း ပြောကြား ရာမှာ မြန်မာ နိုင်ငံဟာ လူမျိုး ပေါင်းစုံ၊ ဘာသာ ပေါင်းစုံ၊ အယူ အဆ ပေါင်းစုံ သဟဇာတ ဖြစ်ဖြစ် နေထိုင် နိုင်တဲ့ လူ့အဖွဲ့ အစည်း တရပ် အဖြစ် တက်လှမ်း နိုင်ခဲ့ကြောင်း အလေးထား ပြောကြား သွား ပါတယ်။

နောက်ပြီး မကြာသေး ခင်က ဖြစ်ပွား ခဲ့တဲ့ လူမှုရေး အထင် အမြင် လွဲမှား မှုတွေ၊ ပဋိ ပက္ခတွေ၊ မတည်ငြိမ် မှုတွေ ဆိုတဲ့ အမည်းစက် တွေကို အတာ သင်္ကြန်ရေနဲ့ ဆေးကြော သန့်စင်ပြီး မင်္ဂလာ ရှိတဲ့ မြန်မာ နိုင်ငံ အဖြစ် လာမယ့် နှစ်သစ်မှာ မြင်တွေ့ လိုကြောင်း တိုက်တွန်း ပြောကြားသွား ပါတယ်။

တစ်ဆက်တည်း မှာပဲ အကြမ်းဖက် အဖျက် လုပ်ရပ် တွေကိုလည်း သင်္ကြန် ကာလမှာ သတိထား ကာကွယ်သွား ကြဖို့ ပြောကြား သွားပါတယ်။

ဧပြီလ ၁၄ ရက် မဟာ သင်္ကြန် အကျနေ့ မှာလည်း သမ္မတ ဦးသိန်းစိန်ဟာ ဇနီး ဒေါ်ခင်ခင်ဝင်း တို့နဲ့ အတူ နေပြည်တော် သမ္မတ အိမ်တော် မြက်ခင်း ပြင်မှာ ကျင်းပတဲ့ မြန်မာ့ ရိုးရာ ယဉ်ကျေးမှု မဟာ သင်္ကြန် ရေသဘင် ပွဲတော်မှာ ပါဝင် ဆင်နွှဲကြ သလို၊ ရန်ကုန် မန္တလေး နေပြည်တော် အပါ အဝင် မြန်မာ နိုင်ငံ အနှံ့ အပြား မှာလည်း သင်္ကြန်ပွဲကို အနုပညာရှင် များစွာနဲ့ စည်းကား သိုက်မြိုက် စွာ ကျင်းပ ခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ