ရခိုင် သင်္ကြန် အထူးစည်ကား

Image caption မြောက်ဦး မြို့ မှာတော့ အဖျက် အမှောင့် လုပ်မယ် လို့ ယူဆ ရသူ ၅ ဦးကို ဖမ်းဆီးထား

ရခိုင် ပြည်နယ် အတွင်း တချို့ မြို့ တွေမှာ အထူး စည်ကားနေ သလို တချို့ မြို့တွေမှာ တော့ အဖျက် အမှောင့် လုပ်မယ့်သူ တွေကို ဖမ်းဆီး ရမိ တာတွေ ရှိတယ်လို့ သိရပါတယ်။

ရခိုင်ရိုးရာ သင်္ကြန်ကို စစ်တွေတို့ ကျောက်ဖြူတို့မှာ အထူး စည်ကားစွာ ကျင်းပ နေရာ၊ သင်္ကြန် အကြတ်နေ့ မှာလည်း စတိတ် ရှိုးတွေ၊ သံချပ်တွေနဲ့ မြိုင်မြိုင် ဆိုင်ဆိုင် ရှိလှပါတယ်။

စစ်တွေမြို့ မှာတော့ ရခိုင်ရိုးရာ သင်္ကြန် မဏ္ဍပ် တွေကို စီတန်း ဆောက်လုပ်ပြီး ကျင်းပ နေတဲ့ မိဇံ ရပ်ကွက် သင်္ကြန် ကတော့ အထူး စည်ကား နေပါတယ်။ ဦး ဥတ္တမ ပန်းခြံ ရှေ့မှာ ရခိုင်ပြည်နယ် အစိုးရက ကြီးမှူး ကျင်းပတဲ့ မြန်မာ့ ရိုးရာ သင်္ကြန် ကလည်း အထူး စည်ကား နေပါတယ်။

ရခိုင် ပြည်နယ်ရဲ့ ဒုတိယ မြို့တော်လို့ တင်စားခေါ်ထားတဲ့ ကျောက်ဖြူမြို့ မှာလည်း နှစ်ပေါင်း ၂၀ ကျော် ပျောက်ကွယ် နေခဲ့တဲ့ ရခိုင်ရိုးရာ သင်္ကြန်ကို ဒီနှစ်မှာ စတင် ကျင်းပတဲ့ အတွက် အထူး စည်ကား နေတယ်လို့ လူငယ် အဖွဲ့ ခေါင်းဆောင် ကိုလှမြင့်ကျော်က ပြောပါတယ်။

ခုလို စစ်တွေ ကျောက်ဖြူ မြို့တွေမှာ စည်ကား နေပေမယ့် မြောက်ဦး မြို့ မှာတော့ ဓါတ်ဆီပုံး တွေနဲ့ မီးရှို့ဖို့ လာသူ တွေလို့ ယူဆ ရသူ ငါးဦး ကို ဧပြီလ ၁၄ ရက်နေ့ နံနက် ၁ နာရီမှာ မြို့ကို ဝင်လာ စဉ်၊ လက်ဆေးကန် ဘက်မှာ အရပ်သား တွေက ဝိုင်းဝန်း ဖမ်းဆီးပြီး သက်ဆိုင် ရာကို အပ်လိုက် တယ် လို့ သိရ ပါတယ်။

အခု အခါ သူတို့ကို မီးရှို့ဖို့ စီစဉ်တာ ဟုတ်မဟုတ် သက်ဆိုင် ရာက စစ်ဆေး မေးမြန်း မူတွေ လုပ်နေ တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ