၁၅၀၀ ကျပ်တန် မိုဘိုင်းဆင်းမ်ကဒ် ဝယ်ခွင့် မဲနှိုက်

  • 18 ဧပြီ 2013
Image caption လျှောက်သူများလို မရောင်းခင် ဝယ်ခွင့်ရသူတွေ ကို ကြိုမဲနှိုက်

တန်ဖိုးနည်း ၁၅၀၀ ကျပ် တန် မိုဘိုင်းဖုန်းဆင်းမ် ကဒ် တွေ ကို လာမယ့် ဧပြီလ ၂၄ ရက် ရောင်းချမှာ ဖြစ်ပေမယ့် လျှောက်ထားသူ အရမ်းများတဲ့ အတွက် ဝယ်ယူခွင့်ရသူတွေကို မြို့ နယ်အချို့မှာ တော့ မဲဖောက်ရွေးခဲ့ပါတာ်။ ဆင်းမ်ကဒ် ဝယ်ခွင့် မဲ နှိုက် ဖို့ ကို သန်ခေါင်း စာရင်း နဲ မှတ်ပုံ တင် တွေ ပြပြီး တစ်ရက် ကြိုလျှောက်ခဲ့ရပါတယ်။ တစ် နိုင်ငံ လုံး မှာ ကျပ် ၁၅၀၀ တန် မိုဘိုင်း ဖုံး ဆင်းမ် ကဒ် ၃သိန်း ခွဲ လစဉ် ချ ပေးမှာ ဖြစ်ပြီးတော့ နောက် ပိုင်းမှာ CDMA အပြင် GSM တွေ ပါ ချပေးမယ်လို့ ဆက်သွယ်ရေးက ပြောထားပါတယ်။

အခု ဝယ် ယူခွင့် ရတဲ ဖုန်းတွေဟာ တန် ဖိုး နည်း ဆိုပေမယ့် ခေါ်ဆိုခကတော့ အခြား ဖုန်းတွေလို ဘဲ တစ်မိနစ် ၅၀ ကျပ် နှုန်း နဲ့ ကောက်ယူမယ်ဆိုတဲ အတွက် အခြေခံလူတန်းစားအတွက်တော့ ဈေးကြီးနေပါသေးတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ ပြည်ပက ဆက်သွယ် ရေး ဝန်ဆောင်မှုလုပ်တဲ့ ဖုန်းကုမ္ပဏီတွေနဲ့ လုပ်ငန်းစဖို့ ပြင်နေတာဖြစ်တဲ့ အတွက် နောက် ပိုင်း မှာ ခေါ် ဆိုခ တွေ ဈေး ကျ လာဖို့ ရှိနေတယ်လို့ မိုဘိုင်း ဖုန်း ရောင်း ဝယ် သူတွေ က ခန့် မှန်း နေကြ ပါတယ်။