အင်းလေးကန် ဒေသ စံချိန်တင်အောင် ရေခန်းခြောက်

  • 21 ဧပြီ 2013
Image caption သက်တမ်း ၅၀ အတွင်းမှာ မကြုံဖူး လောက်အောင် ရေ ခန်းခြောက်

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေ မြို့နယ်မှာ ရှိတဲ့ အင်းလေးကန် ဒေသ ပတ်ဝန်းကျင်ဟာ နွေရာသီ ရောက်လာတာနဲ့ အမျှ ရေ ခန်းခြောက် မှုဟာ ခါတိုင်း နှစ်တွေ ထက် စံချိန်တင်ပြီး ခန်းခြောက်နေ ပါတယ်။

မနှစ်က ဒီလို အချိန်မှာ အင်းလေး ကန်ရဲ့ရေအနက်ဟာ ၁၀ ပေ လောက် ရှိပေမယ့် ဒီနှစ်မှာ ၃ ပေ လောက်ပဲ ရှိတော့ တာကြောင့် သက်တမ်း ၅၀ အတွင်းမှာ မကြုံဖူး လောက်အောင် ရေ ခန်းခြောက် တာပဲလို့ ဖေါင်တော်ဦး ကျောင်းတိုက် ဆရာတော် ဦးဓမ္မဓဇ က ဘီဘီစီကို မိန့်ပါတယ်။

ခုလို ဖြစ်နေ တာတွေကို ထိန်းသိမ်းဖို့ ကုလသမဂ္ဂ ဖွံဖြိုးရေး အစီ အစဉ်ကနေ အမေရိကန် ဒေါ်လာ ၂.၆ သန်း ချပေး ပေမယ့်လည်း ထူးခြားပြီး တိုးတက် လာတာ မရှိတဲ့ အကြောင်း တခြား အင်းလေး ဒေသခံတွေ ကလည်း ပြောပါတယ်။

ပြုပြင် ထိန်းသိမ်းရေးတွေ လုပ်ဖို့ အင်းလေး ဒေသခံ အန်ဂျီအို အဖွဲ့တွေနဲ့ ရန်ကုန် အခြေစိုက် ပတ်ဝန်းကျင် ထိမ်းသိမ်းရေး အဖွဲ့တွေကို တာဝန်တွေ ခွဲဝေ ပေးထား တယ်လို့ သိရပါတယ်။

အခုလို ဖြစ်ရ တာဟာ အင်းလေး ဒေသမှာ ဟိုတယ်ဇုန်တွေ များလာတာ အပြင် အင်းလေးကန်ရဲ့ ရေဝေ ရေလဲ ဒေသမှာ သစ်တော ပြုံးတီး မှုကြောင့် ကန်ထဲကို ရေစီးဝင်မှု နည်းတဲ့ အကျိုးဆက်တွေ ပါဝင်တယ်လို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။

ဒီလို အခြေအနေ တွေကို အချိန်မီ ပြုပြင် ထိန်းသိမ်း မှုတွေ မလုပ် နိုင်ဘူး ဆိုရင် နောက် ၁၀ စုနှစ် တွေမှာ အင်းလေးကန် ရေတွေ လုံးဝ ခန်းခြောက် သွားမှာကို ဒေသခံ တွေနဲ့ သဘာဝ ပတ်ဝန်းကျင် ပညာရှင်တွေက စိုးရိမ် ပူပန်နေကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ