အိုင်စီဂျီက သမ္မတ ဦးသိန်းစိန်ကို ဆုချီးမြှင့်

  • 23 ဧပြီ 2013
Image caption ပဋိပက္ခ ဟန့်တား နိုင်ဖို့နဲ့ ဖြစ်ဆဲ ပဋိပက္ခတွေ ကို အဆုံးသတ် အောင် ဆောင်ရွက် နိုင်မှုတွေ အတွက် ချီးမြှင့် တာဖြစ်

နိုင်ငံ တကာ ပဋိပက္ခ စောင့်ကြည့် လေ့လာ ဖြေရှင်းရေး အဖွဲ့ အိုင်စီဂျီက သမ္မတ ဦးသိန်းစိန် နဲ့ ဘရာဇီး သမ္မတဟောင်း လူးဝစ္စ အင်နာစီယို ဒါ ဆေးလ်ဗား တို့ကို In Pursuit of Peace Award ကို ချီးမြှင့်ခဲ့ ပါတယ်။

ဒီဆုဟာ ကမ္ဘာ တဝန်းက ခေါင်းဆောင်တွေ အနေနဲ့ ပဋိပက္ခများ မဖြစ် ပေါ်အောင် ဟန့်တား နိုင်ဖို့နဲ့ ဖြစ်ပေါ် နေဆဲ ပဋိပက္ခတွေ ကို ပြီးဆုံး အောင် ဆောင်ရွက် နိုင်မှုတွေ အတွက် ချီးမြှင့် တာလို့ ဆိုပါတယ်။

အဲဒီ ဆု ချီးမြှင့်တဲ့ အခမ်း အနားကို နယူးယောက်မြို့က The Pierre Hotel ဟိုတယ်မှာ ကျင်းပ ခဲ့ရာမှာ သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် အခမ်း အနားကို မတက်ရောက် နိုင်ခဲ့ လို့ ဗီဒီယို နဲ့ ကျေးဇူးတင် စကား ပေးပို့ခဲ့ ပါတယ်။

သမ္မတ ဦးသိန်းစိန်က မြန်မာ နိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ခရီးရှည် ကြီးမှာ နိုင်ငံ တကာ အသိုင်း အဝိုင်း အနေနဲ့ မြန်မာ နိုင်ငံသား တွေနဲ့ အတူ ဆက်လက် ရှိနေ ပေးဖို့ မျှော်လင့် ကြောင်း ပြောသွားပါတယ်။

အဲဒီ အခမ်း အနား ကျင်းပ ခဲ့ရာ ဟိုတယ် ရှေ့မှာတော့ အမေရိကန် ပြည်ထောင်စုမှာ နေထိုင် ကြတဲ့ မြန်မာ တွေနဲ့ မြန်မာ့ အရေး စိတ်ဝင်စား သူတွေက မြန်မာ နိုင်ငံမှာ စစ်ပွဲတွေ ရှိနေဆဲ ဖြစ်ကြောင်း လာရောက် စုဝေး ဆန္ဒပြ ခဲ့ကြ ပါတယ်။

ဒီဆုနဲ့ ပတ်သက်ပြီး၊ ဝါရင့် သတင်းစာ ဆရာကြီး ဦးဝင်းတင် ကတော့ ကချင်နဲ့ ရှမ်းပြည်နယ် တွေမှာ တိုက်ပွဲတွေ ရှိနေ ဆဲမို့ ငြိမ်းချမ်းရေးဆု ပေးဖို့ စောလွန်း သေးကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ