လက်ကိုင်ဖုန်း ဆင်းမ်ကတ် စတင်ရောင်းချ

  • 24 ဧပြီ 2013
ဖုန်းဆင်းမ်ကတ်
Image caption နိုင်ငံတကာမှာတော့ ဖုန်းဆင်းမ်ကတ် တွေ အလွယ်တကူ ရနိုင်

မြန်မာနိုင်ငံတဝန်း လုံးမှာ ဗုဒ္ဓဟူးနေ့ က စပြီး လက်ကိုင်သုံး ဖုန်းဆင်းမ်ကတ် သုံးသိန်းကျော် ကို တခု ကျပ်၁၅၀၀ နဲ့ စတင်ရောင်းချ ပေးပါတယ်။

ရန်ကုန်မြို့ပေါ်မှာ တသိန်းကျော် ဖြန့်ပြီး နယ်တွေမှာတော့ အရေအတွက် ဒီထက် နည်းပါတယ်။

လိုချင်သူတွေများ တဲ့အတွက် တချို့နေရာတွေ မှာ မဲနှိုက်ပြီးတချို့နေရာတွေ မှာတော့ ဦးရာလူ စနစ်နဲ့ ရောင်းပါတယ်။

ဖုန်းကတ် မဲပေါက်သူတွေ က လိုင်းကောင်းတဲ့ အတွက် ပြောရတာလွယ်ကူပြီး လူမှုရေး ကျန်းမာရေးအတွက် အလွယ်တကူ ဆက်သွယ် နိုင်တဲ့အတွက် ဝမ်းသာစရာ ကောင်းတယ် လို့ပြောနေ ကြပါတယ်။

ဖုန်းပြောရတာ လွယ်ပေမယ့် ငွေဖြည့်ကတ်ကို ကုမ္ပဏီတခုထဲက ရောင်းလို့ ဖုန်းသုံးသူတွေ အခက်အခဲတချို့ရှိပါတယ်။

ဒီလို အခက်အခဲနဲ့ ပတ်သက်လို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မိုဘိုင်း အင်ဂျင်နီယာချုပ်ကတော့ နည်းစနစ် ကွာခြားတဲ့အတွက် အခက်အခဲဖြစ်နေတာ ဖြစ်ပြီး သီတင်း တပတ်အတွင်း နေရာ အနှံ့ မှာ ရနိုင်မယ် လို့ပြောပါတယ်။

တနိုင်ငံလုံး ဖြန့်တဲ့ ဒီ ဆင်းမ်ကတ် ဟာ ၀၉၃၁၀ နဲ့ စပါတယ်။

ဒီဆင်းမ်ကတ်ကို စစ်တပ်က အစုရှယ်ယာ အများစုပိုင်တဲ့ မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း ထုတ်တယ် ဆိုတာ တွေ့ရပြီး တနိုင်ငံလုံး သုံးသိန်းခွဲသာ ဖြန့်လို့ အပြင်မှာ ပေါက်စျေးက ကျပ် ၆သောင်းအထိ စျေးပေါက် နေပါတယ်။

မြန်မာ့ ဆက်သွယ်ရေး ဌာန ကပြောသလို တနိုင်ငံလုံး နေရာအနှံ့ ရဖို့ကတော့ အချိန်ယူ ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ