အိမ်နီးချင်း နိုင်ငံက တင်သွင်းဆေးတွေ အတုဖြစ်နေ

  • 26 ဧပြီ 2013
Image caption မှတ်ပုံမတင်ထားတဲ့ ဆေးဝါးအတုတွေ

အရည်အသွေးမမီ မှတ်ပုံမတင်ထားတဲ့ အနောက်တိုင်း ဆေးဝါးအတု တချို့ကို မသုံးစွဲသင့်ကြောင်းနဲ့ ရောင်းချသူတွေကို အရေးယူမယ်လို့ ကျန်မာရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ ရက်က ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။

ဒီဆေးတွေဟာ အိမ်နီးနားချင်း နိုင်ငံတွေက တင်သွင်းလာတဲ့ဆေးတွေ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက မကြာခဏ ဆိုသလို ကြေညာချက်ထုတ်နေပေမယ့် အရေးယူမှုအားနည်းချက်တွေ ရသလို ရောင်းတဲ့သူနဲ့ ဝယ်သုံးသူတွေ ရှိနေပါတယ်။