ဂီရိ မုန်တိုင်းသင့် ခဲ့တဲ့ ဒေသတချို့မှာ ရေရှားပါး

Image caption ဒေသခံတွေ ကတော့ လတ်တလော ပြေလည် နိုင်ရေး အတွက် မိုးရွာမှာ ကိုဘဲ မျှော်လင့် နေ

၂၀၁၀ ခုနှစ် က တိုက်ခတ် ခဲ့တဲ့ ဂီရိ မုန်တိုင်း ဒဏ်ကို အကြီး အကျယ် ခံခဲ့ရတဲ့ ရခိုင် ပြည်နယ် မြေပုံ မြို့နယ်က ကျေးရွာ တချို့မှာ ရေ ရှားပါး မှုနဲ့ ရင်ဆိုင် နေကြရ ပါတယ်။

အငုံ ကျေးရွာ အုပ်စုမှာ ဆိုရင် အောင်လယ်ပြင်၊ ပြိန်တောချေ၊ အငုံရွာသစ်၊ အငုံ ရွာဟောင်း၊ နတ်ချောင်းတို့ မှာ ရေ ရှားပါး နေပြီး ခေါင်း ဖြူအုပ်စု မှာဆိုရင် ကံသာ ရွာသစ် ၊ ကံသာ ရွာဟောင်း၊ ဒဂုံရွာနဲ့ ဝက်ခေါင်း ကျေးရွာတို့ မှာ ရေရှား နေတာ ဖြစ်ပါတယ်။

မိုးသီးနတ်တောင် အုပ်စု မှာဆိုရင် တောင်ကြီးရင်းရွာမှာ ရေရှား နေတဲ့ အတွက် မိသားစု တစ်စု တစ်နေ့ကို ရေအိုးခပ် သုံးလေး လုံးသာ ရတယ်လို့ ပြောပါတယ်။ ခုလို ရေ အခက် အခဲ ရှိနေတဲ့ အတွက် မြေပုံ မြို့ပေါ်က လူတွေ ရေသွား လှူပေမယ့် လုံလောက်မူ မရှိ ဖြစ်နေတယ် လို့ မြေပုံ မြို့နယ် အမျိုးသမီး ခေါင်းဆောင် ဒေါ်မပူချေက ပြောပါတယ်။

ရခိုင် ဒေသဟာ မိုးများတဲ့ ဒေသ တစ်ခု ဖြစ်ပေမယ့် ရေတွင်း ရေကန်တွေကို အလုံ အလောက် မတူး ဖေါ် နိုင်တဲ့ အတွက် နွေရောက် ရင် ရေရှားပါး တာနဲ့ ခုလို နှစ်စဉ် ကြုံတွေ့ နေရတာ ဖြစ်ပါတယ်။ ဂီရိ မုန်တိုင်း အပြီးမှာ လူတွေဟာ ရေတွင်း ရေကန် တွေကို မပြုပြင် နိုင်ကြ တာကြောင့် အခြေ အနေဟာ ပိုဆိုး လာတယ်လို့ မြေပုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက လည်း ပြောပါတယ်။

အခု အချိန် ထိတော့ အာဏာပိုင်တွေ ဘက်က ကူညီ ဆောင်ရွက် ပေးတာတွေ မရှိ သေးဘူးလို့ သိရပါတယ်။ ခုလို ရေရှားပါး နေတဲ့ အတွက် ဒေသခံတွေ ကတော့ လတ်တလော ပြေလည် နိုင်ရေး အတွက် မိုးရွာမှာ ကိုပဲ မျှော်လင့် နေကြတယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ