မိုးအဝင် နောက် ကျမယ်

  • 28 ဧပြီ 2013
monsoon
Image caption မုတ်သုန်လေကြောင့် အာရှ တောင်ပိုင်းမှာ မိုးရ

မြန်မာနိုင်ငံ တဝှမ်း ပူပြင်းခြောက်သွေ့ပြီး သောက်ရေသုံးရေ ပြတ် လပ် နေတဲ့ အချိန် မှာပဲ မိုးလေဝသ နဲ့ ဇလဗေဒ ဦးစီး ဌာနက ဒီနှစ် မိုးအဝင် နောက် ကျမယ်လို့ ပြော ဆိုလိုက် ပါတယ်။

ဒါပေမဲ့ မုတ်သုံကြို မိုးတွေ ကြောင့် အပူဒဏ်နဲ့ သောက်သုံးရေ ပြတ်မှု ရက်နည်းနည်း စောပြီး ပြေလည် နိုင်မယ်လို့ မိုးဇလ ဒုတိယ ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ဘီဘီစီ ကို ပြော ပါတယ်။

ဒီနှစ် အနောက်တောင် မုတ်သုံ လေဟာ မေလ ၁၂ ရက်နဲ့ ၁၆ ရက်ကြား လောက်မှ မြန်မာပြည် တောင်ပိုင်း တနင်္သာရီ ကမ်းရိုး တန်း ကို ဝင်မှာဖြစ်ပြီး ပုံမှန် ထက် ၄ ရက် လောက် နောက်ကျမှာ ဖြစ် ပါတယ်။

အဲဒီကနေ မြစ်ဝကျွန်း ပေါ်ကို မေလ ၁၉ က ၂၃ ရက်ကြား၊ မြန်မာ နိုင်ငံ အလယ်ပိုင်း ကို မေလ ၂၅ နဲ့ ၂၉ ရက်ကြား နဲ့ တနိုင်ငံ လုံး ကို ဇွန် လဆန်းမှ ဝင်ရောက်လာမှာ ဖြစ်ပါတယ်။

ဒီ လို မုတ်သုံ ကာလ တိုတောင်း လာရတာ ဟာ ကမ္ဘာ့ မျက်နှာပြင် ပေါ်က လေကြောင်း ပြောင်းလဲမှု တွေ ပါတဲ့ အာရှ ရာသီဥတုပြောင်း လဲ မှု ဖြစ်စဉ် ကြောင့်ဖြစ်ပြီး ဟို ၁၅ နှစ် လောက် ထဲက တဖြေးဖြေးနဲ့ မြန်မာ နိုင်ငံမှာ မုတ်သုံ ရာသီ ပိုတိုလာတယ်လို့ ဦးချစ်ကျော် က ဘီဘီစီ ကို ပြော ပါတယ်။

မုတ်သုံဝင် နောက် ကျ တဲ့ အတွက် အပူရှိန် ပြင်းပြီး ရေပြတ်တဲ့ အချိန်လဲ အရင် ထက် ပိုကြာနိုင်တယ်လို့ သူ က ခန့် မှန်း ပါတယ်။

မိုးကာလမှာ အပူချိန် ပြင်းထန် တာတွေလဲ ရှိ နိုင်တယ်လို့ ဆိုပါတယ်။

မိုးလေဝသ နဲ့ ဇလဗေဒ ဌာန က အခုလို မုတ်သုံဝင် နောက်ကျမှာကို သတင်း ထုတ်ပြန် ပေမယ့် အစိုး ရက ထိခိုက်မှု နည်းအောင် အစီအမံ၊ လုပ်ငန်းစဉ် တွေ လုပ် ဆောင်မှု မှာတော့ လိုအပ် နေတယ်လို့ သိရပါတယ် ။

ဒီသတင်းနဲ့ပတ်သက်သမျှ