လက်ပံတောင်းအရေး လှုပ်ရှားသူတွေကို အရေးယူမယ်

လက်ပံတောင်းတောင် စီမံကိန်း ဒေသ အတွင်း လယ်သိမ်းခံ လယ်သမားတွေနဲ့ ရဲတွေ အကြား ပဋိပက္ခ ဖြစ်ခဲ့ပြီး နောက် ပိုင်းမှာ အခုလို ဖြစ်အောင် သွေးထိုး လှုံ့ဆော်သူ တွေကို အရေး ယူမယ် ဆိုပြီး တက်ကြွ လှုပ်ရှားသူ ၈ ဦး ကို အမည် စာရင်းနဲ့ တကွ စစ်ကိုင်း တိုင်း ရဲတပ် ဖွဲ့က ကြေညာချက် ထုတ်ပြန် လိုက်တာပါ။

ထုတ်ပြန်ချက် ထဲမှာ နိုင်ငံရေး အကျဉ်းသား ကူညီစောင့် ရှောက်ရေး ကွန်ယက် အဖွဲ့ဝင် ကိုဟန်ဝင်းအောင်နဲ့ ရန်ကုန် ဝိဇ္ဇာ သိပ္ပံ တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဖွဲ့က ကိုသောင်းထိုက်ဦး ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ယက် အဖွဲ့ဝင် ကိုအောင်စိုးနှင့် ကိုဗထူး အပါဝင် စုစု ပေါင်း ၈ ဦးကို လက်ပံတောင်း တောင် အရေး နဲ့ ပတ်သက်ပြီး ဆူပူမှု ဖြစ်အောင် သွေးထိုး လှုံ့ဆော် သူတွေ အဖြစ် စွဲဆို ထားတဲ့ အမှု အရေ အတွက်နဲ့ ပူးတွဲ ဖော်ပြပြီး ကြေညာ ထားပါတယ်။

တက်ကြွ လှုပ်ရှား သူတွေ ထဲက နိုင်ငံရေး အကျဉ်းသား ကူညီ စောင့်ရှောက်ရေး ကွန်ယက် အဖွဲ့ဝင် ကိုဟန်ဝင်းအောင်က တော့ သူတို့ အပေါ် စွပ်စွဲ ချက်တွေကို ပယ်ချ လိုက်ပါတယ်။

ဒီကြေညာချက်ကို လက်ပံတောင်း တောင် စီမံကိန်း တဝိုက် က ကျေးရွာ ပေါင်း ၂၆ ရွာမှာ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့က တနင်္ဂနွေ နေ့မှာ အသိပေး ဖြန့်ဝေ လိုက်တာ ဖြစ်ပါတယ်။

လှုံ့ဆော်နေ သူတွေ နဲ့ ပတ်သက်ပြီး သတင်း ပေးဖို့ ပျက်ကွက် သူတွေကို ထောင် ၆ လ အထိ ချမှတ် မှာ ဖြစ်ပြီး တော့ လက်ခံ ထားသူကို ၅ နှစ် အသီးသီး ချမှတ် နိုင်တဲ့ ပြစ်မှု ဆိုင်ရာ ပုဒ်မ တွေကိုလည်း ကြေညာချက်မှာ ဖော်ပြထား ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ