အလုပ်သမား လိုအပ်ချက်တွေ ကျန်ရှိနေ

  • 1 မေ 2013
worker
Image caption အလုပ်သမား ရပိုင်ခွင့် တောင်းဆိုမှုတွေ များပြား

မြန်မာ နိုင်ငံမှာ ၁၉၅ဝ ကျော်ထဲက လူမှု ဖူလုံရေး ဥပဒေ ထုတ်ပြန်ခဲ့ပြီး ဖြစ်ပေမယ့် အလုပ်သမား လိုအပ်ချက်တွေ ကျန်ရှိနေဆဲ ဖြစ်ကြောင်း ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းရဲ့ အလုပ်သမားနေ့ သဝဏ်လွှာမှာ ဖော်ပြ ထားပါတယ်။

ဥပဒေ အခွင့်အလမ်း တွေ ရှိသည့်တိုင် ဖူလုံရေး ကတ် မရှိသေးသူ၊ အလုပ်သမား အခွင့်အရေး နားမလည်သူ တွေက အများစု ဖြစ်နေတယ်လို့ ၈၈ ပွင့်လင်း အဖွဲ့အစည်းက မသက်သက်အောင်က ဘီဘီစီကို ပြောကြားပါတယ်။

အစိုးရနဲ့ နိုင်ငံတကာ အလုပ်သမား အဖွဲ့တို့က ဒိထက် ပို ဝါယမ စိုက်ပြီး အလုပ်သမား ရပိုင်ခွင့်တွေ အကြောင်း အလုပ်သမား အများစု သိနားလည် အောင် ပညာပေး နှိုးဆော်တာ၊ ဝါဏိဇ္ဇ ပဋိပက္ခတွေ ပြေငြိမ်းအောင် ညှိနှိုင်း ဖြန်ဖြေပေး တာတွေ လုပ်ကြဖို့ ပွင့်လင်း လူ့အဖွဲ့အစည်းက တောင်းဆို ထားပါတယ်။

မြန်မာ နိုင်ငံမှာ အလုပ်သမားနေ့ကို စစ်မဖြစ်ခင် ထဲက ရေနံချောင်း မြို့မှာ ကျင်းပ ခဲ့ပြီး ခေတ်အဆက်ဆက် ပါတီ အဖွဲ့အစည်းတွေက အရေးပေး ကျင်းပခဲ့ကြ ပါတယ်။

မြန်မာ့ ပြုပြင် ပြောင်းလဲမှုတွေ နောက်ပိုင်း အလုပ်သမား အခွင့်အရေး တောင်းဆို ဆန္ဒပြမှုတွေ တိုးပွားလာပြီး အလုပ်သမား သမဂ္ဂတွေလဲ ချိတ်ဆက် ဖွဲ့စည်း လာကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ